သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ခေါင်းဆောင်တွေ ကုလအထွေထွေညီလာခံအကြို ဒုက္ခသည်အရေး ဦးစားပေးဆွေးနွေးမည်


အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ လာမယ့်သီတင်းပတ်တွင်း ကျင်းပမယ့် ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် အထွေထွေညီလာခံကို တက်ရောက်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ ရောက်ရှိလာကြပါပြီ။ ဆီးရီးယားစစ်ပွဲကြောင့် အိမ်နီးချင်းနိုင်ငံတွေ နဲ့ ဥရောပ ကိုရွှေ့ပြောင်း ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာတဲ့အပေါ် ကန့်သတ်မှုတွေလုပ်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ ဆန္ဒရှိနေတာပါ။ ရွှေ့ပြောင်းဒုက္ခသည်တွေအရေးကို အာရုံစိုက်ပြီး ညီလာခံနှစ်ခုမှာ ဆွေးနွေးကြပါလိမ့်မယ်။

တနင်္လာနေ့မှာကျင်းပမယ့် ညီလာခံကိုတော့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ဦးဆောင်မှာဖြစ်ပြီး ဒုတိယနေ့ကိုတော့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ဦးဆောင်မှာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့လူသားချင်းစာနာမှု မေတ္တာရပ်ခံတောင်းဆို ချက်တွေဖြစ်တဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို ပြန်လည်နေရာချထားတဲ့ အစီအစဉ်တွေ၊ ဒါမှမဟုတ် သူတို့ကို လက်ခံနိုင်တဲ့ အခြား တရားဝင် လမ်းကြောင်း အသစ်တွေအတွက် ရေရှည်ခံတဲ့ လုပ်ဆောင်ချက်တွေ ဒီညီလာခံကနေ ထွက်ပေါ်လာဖို့မျှော်မှန်း ထားတယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းများရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး SHEBA CROCKER ကပြောပါတယ်။

ဒါပေမယ့်လည်း နေရပ်စွန့်ခွါထွက်ပြေးလာကြတဲ့ ဆီးရီးယားက ရွှေ့ပြောင်း အခြေချနေထိုင်သူပေါင်း ၅ သန်းနီးပါးတို့ရဲ့ အခြေအနေတွေတိုးတက်လာဖို့ ဒီညီလာခံကနေ များများစားစား လုပ်ပေးနိုင်ပါ့မလားဆိုပြီး သံသယရှိနေကြ တာဖြစ်ပါတယ်။ ဒီညီလာခံဟာ မစ္စတာဘန်ကီမွန်းရဲ့ကုလသမဂ္ဂ ခေါင်းဆောင် အဖြစ် နောက်ဆုံးကျင်းပတဲ့ အထွေထွေညီလာခံဖြစ်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ သူ့ရာထူးသက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG