သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောတိုက်ခိုက်မှု RSO အဖွဲ့နဲ့ ဆက်စပ်တဲ့ အကြမ်းဖက်အဖွဲ့ခွဲ လက်ချက်ဖြစ်ကြောင်း သမ္မတရုံး သတင်းထုတ်ပြန်

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းတဲ့ အထူးအစည်းအဝေးကျင်းပ။ (အောက်တိုဘာလ ၁၄၊ ၂၀၁၆)
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းတဲ့ အထူးအစည်းအဝေးကျင်းပ။ (အောက်တိုဘာလ ၁၄၊ ၂၀၁၆)

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ဟာ RSO အဖွဲ့နဲ့ဆက်နွယ်တဲ့ မောင်တောဒေသမှာ လှုပ်ရှား တဲ့ Aqa Mul Mujahidin အကာလ် မူလ် မူဂျာဟီဒင်အဖွဲ့ရဲ့ ဆောင်ရွက်ချက်ဖြစ်တယ်လို့ စစ်ဆေးဖော်ထုတ် ရရှိတဲ့အကြောင်း သမ္မတရုံးရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာဖြင့် မောင်တောမြို့က ရဲစခန်းတွေကို ဝင်တိုက်ခံရတဲ့ဖြစ်ရပ်ဟာ RSO အဖွဲ့ဆက်စပ်တယ်ဆိုတာကို အစိုးရက ပထမဆုံး တရားဝင် ထုတ်ဖော်ကြေညာတာပါ။

ဒီကနေ့မှာပဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့စပ်လျဉ်းတဲ့ အထူးအစည်းအဝေး ကျင်းပတာကိုလည်း သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒါဟာဖြင့် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ကာလုံနဲ့ဆိုင်တဲ့ ပထမဆုံး အစည်းအဝေး ကျင်းပတာပါ။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းတဲ့ ကာလုံအထူးအစည်းအဝေး (သတင်းဓာတ်ပုံများ)

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့စပ်လျဉ်းတဲ့ အထူးအစည်းအဝေး ကျင်းပ
1/7 အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့စပ်လျဉ်းတဲ့ အထူးအစည်းအဝေး ကျင်းပ
အသေးစိတ် ဖတ်ရှုရန် Show less
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့စပ်လျဉ်းတဲ့ အထူးအစည်းအဝေး ကျင်းပ
2/7 အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့စပ်လျဉ်းတဲ့ အထူးအစည်းအဝေး ကျင်းပ
အသေးစိတ် ဖတ်ရှုရန် Show less
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့စပ်လျဉ်းတဲ့ အထူးအစည်းအဝေး ကျင်းပ
3/7 အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့စပ်လျဉ်းတဲ့ အထူးအစည်းအဝေး ကျင်းပ
အသေးစိတ် ဖတ်ရှုရန် Show less
Aung San Suu Kyi and Min Aung Hlaing ( ကာလုံအစည်းအဝေး)
4/7 Aung San Suu Kyi and Min Aung Hlaing ( ကာလုံအစည်းအဝေး)
အသေးစိတ် ဖတ်ရှုရန် Show less
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့စပ်လျဉ်းတဲ့ အထူးအစည်းအဝေး ကျင်းပ
5/7 အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့စပ်လျဉ်းတဲ့ အထူးအစည်းအဝေး ကျင်းပ
အသေးစိတ် ဖတ်ရှုရန် Show less
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့စပ်လျဉ်းတဲ့ အထူးအစည်းအဝေး ကျင်းပ
6/7 အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့စပ်လျဉ်းတဲ့ အထူးအစည်းအဝေး ကျင်းပ
အသေးစိတ် ဖတ်ရှုရန် Show less
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့စပ်လျဉ်းတဲ့ အထူးအစည်းအဝေး ကျင်းပ
7/7 အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့စပ်လျဉ်းတဲ့ အထူးအစည်းအဝေး ကျင်းပ
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ဒီအစည်းအဝေးမှာ ရခိုင်ပြည်နယ်အခြေအနေ၊ ကချင်နဲ့ရှမ်းဘက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေအခြေအနေ၊ NCA လက်မှတ်ရေးထိုးထားတဲ့ SSA အဖွဲ့ ရဲ့ဆောင်ရွက်ချက်တွေ၊ ၀ အထူးဒေသ ၁ နဲ့ အထူးဒေသ ၄ မိုင်းလားမှာ ဖြစ်ခဲ့တဲ့ အခြေ အနေတွေ၊ ရဲတပ်ဖွဲ့ စွမ်းရည် မြှင့်တင်ရေး အစီအစဉ်တွေကို ၂ နာရီခွဲနီးပါးကြာ ဆွေးနွေးကြတဲ့အကြောင်း သတင်းထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။

ဒီအစည်းအဝေးကို သမ္မတဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တို့ တက်ရောက်တယ်လို့ သတင်းထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

​
XS
SM
MD
LG