သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မှာ တန်ချိန် ၂၀၀ ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးကြီး တူးဖေါ်ရရှိ


ဖားကန့်မှ တူးဖော်ရရှိတဲ့ တန်ချိန် ၂၀၀ ရှိ ကျောက်စိမ်းအရိုင်းတုံးကြီး-
သတင်း ဓာတ်ပုံ Credit to U Shan Gyi- Member of parliament at Hpakant Township FB လူမှုကွန်ရက်စာမျက်နှာ။
ဖားကန့်မှ တူးဖော်ရရှိတဲ့ တန်ချိန် ၂၀၀ ရှိ ကျောက်စိမ်းအရိုင်းတုံးကြီး- သတင်း ဓာတ်ပုံ Credit to U Shan Gyi- Member of parliament at Hpakant Township FB လူမှုကွန်ရက်စာမျက်နှာ။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အလေးချိန် တန် ၂ဝဝ ကျော်ရှိတဲ့
ကျောက်စိမ်း အရိုင်းတုံးကြီးကို တူးဖေါ်တွေ့ ရှိထားပါတယ်။ လက်ရှိမှာတော့
ကျောက်စိမ်းတုံး အရွယ်အစားကြီးမားလွန်းတာမို့ လက်ရှိချိန်ထိ
ကာလတန်ဖိုး တွက်ချက်မှုနဲ့ သယ်ယူမှုအပိုင်းကိုရော လုပ်ဆောင်နိုင်ခြင်းမရှိသေးပါ ဘူး။ ကျောက်စိမ်း လုံခြုံရေးပိုင်းကိုတော့ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့တွေက
စောင့်ရှောက်လျက်ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီသတင်းကို
ဗွီအိုအေမြန်မာပိုင်းကမေခကပြောပြပေးမှာပါ။

ဒီကျောက်စိမ်းဟာ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှက်လင်ချောင်
မှော် က နိုင်ငံတော်နဲ့ အကျိုးတူ လုပ်ကိုင်နေတဲ့ ရတနာတောင်တန်း
ကုမ္ပဏီလုပ်ကွက်မှာ တူးဖော်တွေ့ရှိ တာဖြစ်ပါတယ်။ အခုတွေ့ရှိတဲ့ကျောက်စိမ်း တုံးကြီးဟာ ဒေသအခေါ်လုံးစွတ်ကျာက် အမျိုးအစားဖြစ်ပြီး ကမ္ဘာ့ အကြီးဆုံး လုံးစွတ်ကျောက်လို့ယူဆနေကြပါတယ်။

အရည်အသွေးကောင်းတဲ့ အဖိုးတန်ကျောက်စိမ်းဖြစ်တယ်လို့
ခန့်မှန်းထားပြီး လောလောဆယ်မှာ ကျောက်စိမ်း ကြီးရဲ့ တန်ဖိုးကို
အတိအကျပြောလို့ မရသေးဘူးပါဘူး။ တွေ့ရှိခဲ့တာနဲ့ပတ်သတ်ပြီး
သယံဇာတနဲ့သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်ဦးဝင်းထိန်က အခုလိုပြောပြ ပါတယ်။

"ရတနာကျောက်တန်းကုမ္ပဏီ မှက်လင်ချောင် လုပ်ကွက်(၂) ကနေ အလေးချိန် ၂၁၀ ခန့်ရှိတဲ့ ကျောက်စိမ်းတုံးကြီး တွေ့တာပေါ့နော်။ သူက လောလောဆယ်မှာ သူ့ရဲ့ အလွှာ အပိုင်းလေးပိုင်းကွဲသွားတယ်။ အပိုင်းအနေနဲ့ကတော့ ၈တန် တတုံး၊ ၆တန် တတုံး၊ ၅ တန်က တတုံး အဲ့လိုမျိုး ကွဲသွားတာလေးတော့ရှိတာပေါ့ ။ ပဲ့ထွက်သွားတယ်။ အားလုံးပေါင်း တန် ၂၁၀ ရှိပါတယ်။"

ဒီကျောက်စိမ်းတုံးဟာ ကျောက်ကြောမြေလွှာနဲ့ ကပ်နေတဲ့ ကျောက်ဖာ
နေရာမှာတွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိချိန်မှာတော့ ဘေးသားအပိုင်း ၄ပိုင်း
ကွဲထွက် သွားတယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။ ဒီကျောက်စိမ်းတုံး သယ်ယူဖို့ကတော့ စဉ်းစားနေဆဲလို့ပြောပါတယ်။

" သယ်ယူဖို့ကတော့ အသေးတွေကတော့ သယ်ပြီး သိမ်းသွားပြီးပြီ။ အကြီးကိုတော့ ဘယ်လိုသယ်မလဲဆိုတာ လုပ်နေတုန်းပဲ ဒါကြီးက တန် ၂၁၀ ဆိုတာ ခက်တယ်လေ။ ဟိုး ပထမတခါ ၂၀၁၀ မတိုင်ခင်တုန်းကလည်း ကုမ္ပဏီတခုက ကျောက်စိမ်းတတုံး ရခဲ့ဖူးပါတယ်။ မသယ်နိုင်လို့ နေရာမှာ ဒီအတိုင်း မြုပ်ထားတဲ့ အတိုင်း ရှိတယ်။ ဒါကိုလည်း သယ်ဖို့ အများကြီး စဉ်းစားရမှာ။ တန်ချိန် ၂၁၀ ဆိုတော့ ကားတွေနဲ့ ဝိတ်တွေနဲ့ သူတို့ ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားနေတုန်းပဲ။ ကျနော်တို့က တန်ဖိုးလည်း လောလောဆယ် သတ်မှတ်ထားတာ မရှိသေးဘူး။ ကျနော်တို့သိတာဆိုရင် ဒီကောင်ဟာ အနည်းဆုံး ဟိုးအရင် ဈေးနှုန်းက အချိုးတူဆိုရင် သူ့အချိုးက ၄၀ ၆၀လေ။ နိုင်ငံတော်က ၄၀ရမယ် ဟိုက ၆၀ ရမယ်။ ၄၀ ၆၀ ဆိုတာက အခွန်အခတွေပါ ပါမှာပေါ့ဗျာ။ နိုင်ငံတော်ကို ပေးရမယ့် အခွန်တွေ ပြည်တွင်း ကိုပေးရမယ့်အခွန်တွေ ပါမှာပေါ့နော် တန်ဖိုးအတိအကျ မသိသေးတော့ ခန့်မှန်းလို့တော့ မရသေးဘူးပေါ့နော်။ "

သယ်ယူနိုင်မှုမရှိသေးတဲ့ ကျောက်စိမ်းတုံးရဲ့ လုံခြုံရေးပိုင်းကိုတော့
နယ်မြေခံ တပ်ရင်းတပ်မတွေက စောင့်ရှောက်ထားတယ်လို့ပြောပါတယ်။ လက်ရှိ
ကချင်ပြည်နယ်ဟာ မငြိမ်းချမ်းသေးတဲ့ နယ်မြေတခုဖြစ်သလို
ကျောက်စိမ်းတွေ ထွက်တဲ့ ဖားကန့်ဒေသဟာလည်း လုံခြုံရေးအရ အား နည်းနေတဲ့
ဒေသလည်းဖြစ်ပါတယ်။

သယံဇာတခွဲဝေရေးပိုင်းတွေနဲ့ပတ်သတ်ပြီး အငြင်းပွားမှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံ မှာ တွင်းထွက်ရတနာတွေ ထွက်ရှိနေပေမယ့် အကျိုးခံစားခွင့် ပိုင်းမှာ ပြည်သူရရှိတာ ထက် လူနည်းစုအာဏာရှင်တွေသာရရှိနေတာကြောင့် အခုထွက်ရှိလာတဲ့ သယံဇာတက လည်းဒေသအတွက် ဘယ်လောက်အကျိုးရလာမလဲ ဆိုတာကတော့ ပြောဖို့ခက်ပါသေးတယ်။

ကျောက်စိမ်းတုံးနဲ့ပတ်သတ်ပြီး ကချင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကတော့ ကျောက်စိမ်းကရရှိလာတဲ့ ငွေကြေးတွေ ကိုပြည်နယ်အတွက် အသုံးပြုနိုင်ဖို့ တိုက်တွန်းသွားမယ်လို့ ပြောပါတယ်။

" မျှမျှတတပေါ့။ ကုမ္ပဏီက ရစရာရှိတာလည်း ရပေါ့။ ဒီဥစ္စာတွေက နိုင်ငံတော်နဲ့ အကျိုးတူ လုပ်ထားတာတွေလေ။ သူတို့ရသင့်တာရပြီးရင်လည်း ငါတို့ကချင်ပြည်နယ်အတွက် လုပ်သင့်လုပ်ထိုက်တာလေးတွေ လမ်းပမ်းဆက်သွယ်ရေး တည်ဆောက်ရေးတွေ လုပ်ပေးရင်တော့ ပိုပြီးတော့ကောင်းတာပေါ့။ ဒါကတော့ ကချင်ပြည်နယ်သူ ပြည်နယ် သားတွေ မျှော်လင့်တာပေါ့ အဓိက ကတော့ အဲ့တာတွေထက်ပိုမျှော်လင့်တာကတော့ စစ်ပွဲရပ်ဖို့ပါပဲကွာ။ လွှတ်တော်ထဲမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀၊ ၂၀၀ ကို အခြေအတင်ဆွေးနွေးပြီးမှ သူများဆီက ချေးနေရတာ။ တကယ်လို့ တိတိကျကျ လိုက်နာပြီး နိုင်ငံတော်အတွက်ပဲဆိုရင်တော့ တိုင်းပြည်က အေးအေးဆေးဆေးပါ ချမ်းသာပါတယ်။"

ဖားကန့်ကျောက်စိမ်းတွင်းဒေသ နန့်မှော်ကျေးရွာ မှာ ပြီးခဲ့တဲ့ ၂ဝဝဝ
ခုနှစ်တုန်းကလည်း ကမ္ဘာ့အကြီးဆုံးကျောက်လို့ သတ်မှတ်ထားတဲ့ တန်ချိန် ၃ဝဝဝ
လောက်ရှိတဲ့ ငုတ်ကျောက်အမျိုးအစား ကျောက်စိမ်း ထွက်ရှိခဲ့ဘူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG