သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တည်ငြိမ်ရေး ဒေသဖွံ့ဖြိုးဖို့လို


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု အကောင်အထည်ဖော်ရေး အစည်းအဝေး
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု အကောင်အထည်ဖော်ရေး အစည်းအဝေး

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေဟာ ဒေသရဲ့ဖွံ့ဖြိုးရေး အပေါ်မှာ အများကြီး မူတည်နေတာကြောင့် အစိုးရအနေနဲ့ဦးစားပေး လုပ်ဆောင်ရမှာဖြစ်ေ ကြာင်းလည်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသွားပါတယ်။ ရခိုင်ပြည်နယ် တွင်းဖြစ်ပွါးတဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက် လို့ တွေ့ရှိချက်တွေကို ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ချပြဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ေ အာင်ဆန်း စုကြည်က တိုက်တွန်းသွားပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု အကောင်အထည်ဖော်ရေး အစည်းအဝေးကို ဒီနေ့ နေ့လည် ၂ နာရီ နေပြည်တော် က နိူင်ငံခြားရေး ဝန်ကြီးဌာနမှာ ကျင်းပရာမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အဲ ဒီလို ပြောသွားတာပါ။

လတ်တလော ဖြစ်ပွါးနေတဲ့ မောင်တော အရေးအခင်းကြောင့် ရခိုင်ပြည်နယ်တွင်း အခြေအနေတွေ မတည်မငြိမ်ဖြစ်နေ တာပါ။ ရခိုင်ပြည်နယ်ကို ပြည်ထောင်စု ဝန်ကြီးတွေ သွားရောက်ခဲ့တဲ့ ခရီးစဉ် အတွေ့အကြုံတွေ၊ ရခိုင်ပြည်နယ်တွင်း တည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်သင့်တာတွေကို အစည်းအဝေးမှာ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့စနေနေ့မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု အကောင်အထည်ေ ဖာ်ရေး အစည်းအဝေးနဲ့ ပတ်သက်လို့ လာမယ့် တနင်္လာနေ့မှာ သတင်းစာရှင်းလင်း ပွဲတရပ် ကျင်းပမယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ လူမှုကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဗွီအိုအေကိုပြောပါတယ်။ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးနေကြတဲ့ ဒေသခံပြည်သူတွေ အထိ အခိုက် နည်းပါးအောင် လုပ်သွားမယ့်၊ ကူညီစောင့်ရှောက်ရေး အစီအစဉ်တွေ ရေး ဆွဲထားပြီးဖြစ်တယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးကပဲ ပြောပါတယ်။

အစည်းအဝေးကို ဝန်ကြီးဌာနအသီးသီးက ဝန်ကြီးအချို့နဲ့ ပြည်ထောင်စုရှေ့နေချုပ် လည်း တက်ရောက်ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်လာကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်း အဝေးမှာ အဓိက ဘာတွေဆွေးနွေးသလဲလို့ ကိုဉာဏ်ဝင်းအောင်က မေးမြန်း ရာမှာ လူမှုကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာ ချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ခုလို စတင်ဖြေကြားပါတယ်။

ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး။ ။ အဓိကကတော့ အခုဖြစ်နေတဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အဲဒါဖြစ်ပြီးနောက်ပိုင်း အစိုးရ ပြန်ကြားရေး ဝန်ကြီးဦးဆောင်တဲ့ အဖွဲ့ တဖွဲ့ သွားတယ်လေ။ သူတို့ရဲ့ တွေ့ရှိချက်တွေ ပြန်ပြောပြတယ်။ နောက်ပြီး ရှေ့ကို ဘာဆက်လုပ်ကြမယ် ဆိုတာတွေကို ဆွေးနွေးတာပါ။

ကိုဉာဏ်ဝင်းအောင် ။ ။ ဒီ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကရော ဘယ်လို တင်ပြဆွေးနွေးတာတွေ ရှိပါသလဲ။

ဖြေ ။ ။ အဓိက ဘာလဲဆိုတော့ အခုတွေ့ရှိတဲ့ဟာတွေကို ပြည်သူတွေကို ပွင့်ပွင့် လင်းလင်းပြန်ပြောဖို့ ၊ နောက်ပြီး တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ဖို့ပေါ့၊ အဓိက အဲဒါတွေပြောတယ်။ အဲဒါကို သတင်းစာရှင်းလင်းပွဲကို မနက်ဖြန် လပြည့်နေ့ဖြစ်နေလို့ သဘက်ခါလုပ်မယ်။

မေး ။ ။ ဆရာတို့ ဒီ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးရေးကော်မတီ အနေနဲ့က ဘယ်လို လုပ်ငန်းစဉ်တွေ ရှေ့ကိုဆက်လုပ်မှာပါလဲ။

ဖြေ ။ ။ တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ လုပ်ငန်းကော်မ တီတွေ ခွဲထားတယ်လေ။ နဂိုထဲက လုပ်ထားပြီးသားလေ။ အဓိက ဘာလဲဆိုတော့ ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ခုလဲ တောက်လျှောက်လုပ်နေတာပဲလေ။ အဲဒီတော့ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဆောင်ရွက်နေတာပေါ့ နဂိုကတည်းက။ ကျနော်တို့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးက တွဲနေတယ်။ အဲဒီတော့ တည်ငြိမ်အေးချမ်းရေး ကို ဆောင်ရွက်တာနဲ့ တပြိုင်ထဲ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တွဲပြီးလုပ်တယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ဘာလဲဆိုတော့ ရခိုင်ဒေသတခုလုံးမှာ ရှိတဲ့ လူတွေ အကုန်လုံးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေတဲ့ သဘောပေါ့။ ဆိုတဲ့ခါကျတော့ အခုလောလောဆယ် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ လုပ်နိုင်တဲ့ကိစ္စ ရှိတယ်။ နောက် ပြီး ဖြည့်စွက်ရံပုံငွေက လုပ်ပေးမယ့်ဟာ ရှိတယ်။ ၁၇-၁၈ ရံပုံငွေ ထဲကနေ လုပ်ပေးမယ့်ဟာ ရှိတယ်။ အဲဒါတွေကို ခွဲခြားပြီးတော့ အခုလိုအပ် ချက်တွေကို လိုက်လေ့လာတာပေါ့ ရခိုင်ပြည်နယ်မှာ ဘာတွေလိုအပ်သလဲပေါ့။ လိုအပ်တာတွေ ကို ဦးစားပေး အစီစဉ်ရေးဆွဲပြီး ကျနော်တို့ ဆောင်ရွက်နေတယ်။ နောက် တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဘာလုပ်နေလဲ ဆိုတော့ နှစ်ဖက် အဖွဲ့အစည်း ပြန်လည် သင့်မြတ်အောင် နည်းပေါင်းစုံနဲ့ လုပ်နေတယ်။ အဲလို လုပ်တဲ့အခါမှာ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ဆိုတာလဲ ဒါပဲလေ။ အဖက်ဖက် ကနေ ဆောင်ရွက်နေတာပေါ့။

မေး ။ ။ အဲဒီတော့ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းလာပြီး ပြည်သူလူထု စိတ်လုံခြုံမှု ရလာဖို့အတွက်ကို ဝန်ကြီးတို့အနေနဲ့ ဘယ်လောက်ထိ လုပ်သွားမှာပါလဲ ၊ ဘယ်လောက်ထိ မျှော်လင့်ထားပါသလဲ။

ဖြေ ။ ။ အခုဖြစ်တဲ့ အဖြစ်ပျက်က အဆိုးထဲက အကောင်းလို့ပဲ ကျနော်တို့က ယူဆ ရမယ်။ ရခိုင်ပြည်နယ်မှာ တရားဥပဒေ စိုးမိုးမှု ဆောင်ရွက်ဖို့ အတွက်ကို ဒါ တွန်းအား တခု ဖြစ်သလို၊ ပိုပြီးအောင်မြင်အောင် ဆောင်ရွက်နိုင်မယ့် လမ်းစဖြစ် သွားပါတယ်။ အဲဒါ ကောင်းတဲ့ လက္ခဏာလို့ ယူဆတယ်။ ဒီဟာကို ကျနော်တို့ ဆက်လက်ဆောင်ရွက် လိုက်လို့ရှိရင် ရခိုင်ပြည်နယ် တခုလုံး တိုးတက်အောင်မြင် မှုတွေ ရရှိနိူင်မယ်လို့ယူဆတယ်။

မေး ။ ။ ရခိုင်ဒေသခံတွေက ခု စိုးရိမ်တကြီးနဲ့ စစ်တွေမြို့ပေါ်ထိ ပြောင်းရွှေ့ တက်ပြေးတာတွေ ဖြစ်နေတော့ သူတို့ရဲ့လုံခြုံရေး ကိစ္စတွေကို အမြန်ဆုံး ဆောင် ရွက်နိုင်မယ့် အနေအထားရော ရှိလားခင်ဗျ။

ဖြေ ။ ။ ရှိတယ်။ ရှိတယ်ဆိုတာက လောလောဆယ် ပြည်သူတွေ အဲလောက်ကြီး မစိုးရိမ်ပဲနဲ့ ရခိုင်ပြည်နယ် တခုလုံးက ပြည်သူလူထု လုံး၀ မထိခိုက်ဖို့၊ ထိခိုက်မှု နည်းပါးပြီးတော့ ပြည်သူတွေအတွက် စောင့်ရှောက်ကူညီမယ့် အစီအစဉ်တွေ ကျနော်တို့ ဆွဲထားတယ်။ ဒါတွေဆွဲထား တဲ့အတွက်ကြောင့် လုံခြုံဖို့ကို ပြည်သူ့ ရဲတွေနဲ့ ဆောင်ရွက်တယ်။ တပ်မတော်က ကြောထောက်နောက်ခံ ပြု ထားတယ်။ နောက်ပြီး လူဝင်မှု ကြီးကြပ်ရေးကလည်း သူ့လုပ်ငန်း သူလုပ်မယ်။ ဒါတွေအကုန်လုံး ဝိုင်းဝန်းဆောင်ရွက်ရင်တော့ ပြည်လည် တည်ငြိမ်လာမယ်လို့ ကျနော် ယူဆပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG