ရခိုင်ပြည်နယ် မောတောခရိုင်မှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း လုံခြုံရေးနဲ့ပါတ်သက်လို့ အာဏာပိုင်တွေဖက်က ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို အများက အာရုံစိုက်နေကြပါတယ်။ ဒီအကြောင်း အခုတပါတ် ပြည်တွင်း သတင်းစာမျက်နှာတွေမှာ အသားပေး ဖော်ပြနေကြတဲ့အကြောင်း VOA သတင်းထောက် မမြင့်မြင့်ခိုင်က သတင်းထောက်မှတ်စု အဖြစ်နဲ့ တင်ပြပါမယ်။