သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ယူနဲ့ အာဆင်နယ် ၁ ဂိုးစီ သရေကျ

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ် ပရီးမီးယားလိဂ်ပွဲ၊ ၁၉ နိုဝင်ဘာ၊ ၂၀၁၆။
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ် ပရီးမီးယားလိဂ်ပွဲ၊ ၁၉ နိုဝင်ဘာ၊ ၂၀၁၆။

အင်္ဂလန်ပရီမီယာလိဂ်ဘောလုံးပွဲတွေမှာတော့ မန်ချက်စတာယူနိုက်တက်အသင်း နဲ့ အာဆင်နယ်တို့ ဒီကနေ့ ကစားကြတာမှာ အာဆင်နယ်အသင်းက ပွဲပြီးခါနီးမှာသွင်းတဲ့ ဂိုး နဲ့ ၁ ဘက် ၁ ဂိုး စီ သရေကျသွားပါတယ်။ မန်ယူအသင်းရဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲမှာ မန်ယူအတွက် ပထမဂိုးကို စပိန်ကွင်းလယ်လူ Juan Mata ၆၈ မိနစ်မှာ အဖွင့်ဂိုးသွင်းခဲ့လို့ မန်ယူအသင်း ရှေ့က ဦးဆောင်ခဲ့ပါတယ်။ အန်ဒါဟာရေရား ညာတောင်ပံကနေ ဂိုးရှေ့ကို ဖြတ်တင်ပေးလိုက်တဲဘောလုံးကို မာတာ ပယ်နယ်တီဧရိယာထဲကနေ ဘယ်ခြေနဲ့ ကန်သွင်းခဲ့တာပါ။ ဒါပေမဲ့ ၈၈ မိနစ်မှာ အာဆင်နယ်အသင်းက လူစားဝင်လာတဲ့ Olivier Giroud က ဂိုးရှေ့ကနေ အနီးကပ် ခေါင်းတိုက်သွင်းခဲ့လို့ အာဆင်နယ်အသင်း ချေပဂိုးရပြီးတော့ နောက်ဆုံးမှာ မန်ယူ နဲ့ အာဆင်နယ်တို့ ၁ ဂိုးစီ သရေဖြစ်သွားပါတယ်။

မန်ယူနည်းပြ မိုရင်ညိုကတော့ - ဒီပွဲသရေကျသွားတာဟာ ရှုံးသလိုခံစားရတယ်လို့ ပွဲအပြီးမှာ ပြောလိုက်ပါတယ်။ မန်ယူအသင်းအနေနဲ့ ပွဲကိုထိန်းချုပ်နိုင်ခဲ့သလို၊ အပိုင်ဂိုးတွေသွင်းခွင့်ရပြီး ဂိုးမရလိုက်ပဲ နောက်ဆုံးမှာ ဂိုးပေးရပြီး သရေကျသွားတာဟာ ရှုံးလိုက်သလိုပဲလို ခံစားရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် မန်ယူအသင်း ပယ်နယ်တီရသင့်ကြောင်း၊ ကစားပုံကို ဂုဏ်ယူပေမယ့်၊ ပွဲရလဒ်ကိုတော့ စိတ်ပျက်မိတယ်လို့လည်း မိုရင်ညိုက ပြောပါတယ်။

ဒီပွဲမှာ သရေကျလိုက်တဲ့အတွက် မန်ယူအသင်းဟာ ၁၂ ပွဲ ကစားပြီးတဲ့အချိန်မှာ ၁၉ မှတ် ပဲ ရထားပြီး၊ ချန်ပီယံဖြစ်ဖို့ ပိုပြီး အလှမ်းဝေးကွာလာသလို၊ လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်ပါ စိုးရိမ်စရာဖြစ်လာနေပါတယ်။အာဆင်နယ်ကတော့ ၁၂ ပွဲပြီးတဲ့အချိန်မှာ ၂၅ မှတ် ရထားပါတယ်။

please wait

No media source currently available

0:00 0:00:34 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG