သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တဝှမ်း ကျေးဇူးတော်နေ့ဆင်နွှဲ


ကျေးဇူးတော်နေ့ လုံခြုံရေးတင်းကျပ်။ (နိုဝင်ဘာ ၂၄၊ ၂၀၁၆)
ကျေးဇူးတော်နေ့ လုံခြုံရေးတင်းကျပ်။ (နိုဝင်ဘာ ၂၄၊ ၂၀၁၆)

ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ကျေးဇူးတော်နေ့ဖြစ်ပြီး မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ စုဝေးပြီးတော့ စား သောက်ကြ၊ အလှပြ စီတန်း လှည့်လည်ပွဲတွေ၊ အမေရိကန်ဘောလုံးပွဲတွေကို ကြည့်ကြသလို လူအများအပြား အတွက်လည်း အားလပ်ရက်ကာလ ဈေးဝယ်ရာသီ စကြတဲ့အချိန်လည်းဖြစ်ပါတယ်။

နယူးယောက်မြို့မှာတော့ နှစ်စဉ်ကျင်းပနေကြ ကျေးဇူးတော်နေ့ အလှပြကားတွေ လှည့်လည်ပွဲကို ဒီကနေ့ကျင်းပဖို့ရှိပြီး သဲတွေ အပြည့်တင်ထားတဲ့ ထရပ်ကားတွေ၊ မိုင်းရှာခွေးတွေအပါအဝင် လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ခိုင်မာတဲ့ ခြိမ်းခြောက်မှုမျိုးတွေ ရထားတာမျိုး မရှိပေမယ့်လည်း မန်ဟက်တန် အရပ်ကိုဖြတ်သွားမယ့် ၂ မိုင်ခွဲရှည်တဲ့ အလှပြ လှည့်လည်ပွဲ လမ်းကြောင်း တလျှောက် အရပ်ဝတ်နဲ့ရော ယူနီဖောင်းနဲ့ပါ ရဲတပ်ဖွဲ့ဝင် ၃ ထောင်ကျော်ကို ချထားမယ်လို့ နယူး ယောက်မြို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ လှည့်လည်ပွဲကတော့ အရှေ့ပိုင်းဒေသစံတော်ချိန် မနက် ၉ နာရီမှာ စမှာပါ။ ဒီပွဲကို လူ ၃ သန်းနီးပါး လာကြည့်မယ်လို့ ပွဲစီစဉ်သူတွေက ခန့်မှန်းထားပါတယ်။

နယူးယောက်ရဲတပ်ဖွဲ့အတွက် ဒီနှစ်မှာ လုံခြုံရေးဆိုင်ရာ နောက်ထပ် အထူး လုပ်ဆောင်နေရတာလည်းရှိပါတယ်။ ရွေးကောက်ခံ သမ္မတ Donald Trump နေထိုင်တဲ့ အထပ်မြင့်အဆောက်အဦးကြီးဟာ အလှပြ လှည့်လည်ပွဲလမ်းကြောင်းနဲ့ တဘလောက် အကွာမှာရှိနေတာကြောင့်ပါ။ ဒါပေမဲ့ Trump နဲ့ သူ့မိသားစုကတော့ နယူးယောက်မှာရှိမနေဘဲ ကီလိုမီတာ ၁၆၀၀ ကျော်ဝေးတဲ့ ဖလော်ရီဒါပြည်နယ်၊ Palm Beach မှာ ရောက်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG