သုံးရလွယ်ကူစေသည့် Link များ

ထိန်းသိမ်းဖို့လိုတဲ့ ရှေးဟောင်းအဆောက်အဦးများ


ပဲခူးတိုင်း လက်ပံတန်းမြို့မှာ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ ရှေးဟောင်းအဆောက်အဦး တော်တော်များများရှိပါတယ်။ တချို့အဆောက်အဦးတွေကတော့ စနစ်တကျ ပြုပြင်ထိန်းသိမ်းမှု မရှိတော့တဲ့အတွက် ရှေးမူလက်ရာတွေပျောက်ကုန်ပြီး ပုံစံအနေနဲ့သာ ရှေးဟောင်းလို့ ပြောလို့ရပါတော့တယ်။ နှစ်ပေါင်း (၁၂၀) ကျော်ပြီဖြစ်တဲ့ တောရဘုန်းကြီးကျောင်း တစ်ခုဆိုရင် တန်ဖိုးရှိလှတဲ့ ရှေးဟောင်းလက်ရာတွေ ပျောက်ပျက်မသွားအောင် စနစ်တကျ မွမ်းမံပြင်ဆင်လိုပေမဲ့ နည်းပညာနဲ့ တတ်ကျွမ်းနားလည်သူတွေရဲ့ အကူအညီလိုအပ်နေပါတယ်။ ခုလိုရှေးဟောင်းလက်ရာထိန်းသိမ်းဖို့ အခက်အခဲဖြစ်နေတဲ့ လက်ပံတန်းမြို့ဆီကို ကိုယ်တိုင်သွားခဲ့တဲ့ VOA သတင်းထောက် ကိုစည်သူက မြန်မာတခွင်အစီအစဉ်မှာ တင်ပြပါမယ်။

XS
SM
MD
LG