တပတ်အတွင်း အားကစားသတင်း
အင်္ဂလန်ယာယီနည်းပြ Gareth Southgate ကို အင်္ဂလန်နည်းပြအဖြစ်နဲ့ ၄ နှစ် ခန့်အပ်၊ ၂၀၁၆ ခုနှစ်ရဲ့ တနှစ်တာ အကောင်းဆုံးပြေးခုန်ပစ် အားကစားသမားဆု ချီးမြှင့်၊ Formula-1 ကမ္ဘာ့ချန်ပီယံ Nico Rosberg ချန်ပီယံဖြစ်ဖြစ်ပြီးချင်းမှာပဲ ပြိုင်ပွဲကနေ အနားယူသွားတာအပါအဝင် တပတ်အတွင်း အားကစား သတင်းတွေကို ကိုရန်နိုင်က ပြောပြပါလိမ့်မယ်။