သုံးရလွယ်ကူစေသည့် Link များ

ခရီးသွားတွေအတွက် ဆင်စခန်း


မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းတွေ တနေ့တခြား ရေပမ်းစားလာနေတာနဲ့အမျှ တချိန်က တိရစ္ဆာန်ရုံလို နေရာမျိုးမှာသာ တွေ့နိုင်တဲ့ ဆင်တွေကို သွားရောက် လေ့လာနိုင်တဲ့ အစီအစဉ်တွေလည်း ရေပမ်းစားလာနေပါတယ်။ မကြာသေးခင်နှစ်တွေကစလို့ သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေကို အစိုးရက ရပ်ဆိုင်းထားတာကြောင့် အလုပ်လက်မဲ့ ဖြစ်နေရတဲ့ သစ်လုပ်ငန်းသုံး ဆင်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ပြီး ခရီးသွားတွေ အပန်းဖြေ လည်ပတ်နိုင်မယ့် ဆင်စခန်းတွေ ဖွင့်လှစ်လာကြတာပါ။ ဒါပေမဲ့လည်း ဒီလုပ်ငန်းတွေကနေ ဆင်တွေဘ၀ သာယာဝပြောရေး ဘယ်လောက်အထိ ဆောင်ကျဉ်းပေးနိုင်မလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာ အခြေအနေမှာ ရှိနေဆဲ ဖြစ်တဲ့အကြောင်း ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

XS
SM
MD
LG