သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကလေးများနေ့ လေယာဉ်ပြပွဲ တိုက်လေယာဉ်ပျက်ကျ


တင့်ကားပေါ်ထိုင်ပြီးဓာတ်ပုံအရိုက်ခံသည့် ထိုင်းကလေးငယ်တဦး
တင့်ကားပေါ်ထိုင်ပြီးဓာတ်ပုံအရိုက်ခံသည့် ထိုင်းကလေးငယ်တဦး

ထိုင်းနိုင်ငံရဲ့ ကလေးများနေ့ လေကြောင်းပြပွဲအတွင်း ထိုင်းလေတပ်က ဂျက်တိုက်လေယာဉ်တစင်းပျက်ကျသွားတာကြောင့် အဲဒီတိုက်လေယာဉ်ရဲ့ လေယာဉ်မှူး သေဆုံးသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ရိုင်လေတပ်အခြေစိုက်စခန်းမှာ JAS 39 Gripen ဂျက်လေယာဉ်အမျိုးအစားဟာ လေယာဉ်ကိုလှည့်တဲ့အချိန်မှာ လေယာဉ်ကသူပျံသန်းနေတဲ့ အမြင့်ကနေအောက်ကိုနိမ့်ဆင့်သွားပြီး ပျက်ကျသွားခဲ့တာကို အပျော်တမ်းရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်း တခုမှာ ပြသထားပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကတော့ - ဒီကနေ့ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက လေယာဉ်မှူးသေဆုံးသွားတဲ့အတွက် သူ့ရဲ့ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြောင်းပြောကြားခဲ့တယ်လို့ ထိုင်းအစိုးရ ဒုတိယပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ကလေးများနေ့ကို ပုံမှန်အားဖြင့်တော့ ထိုင်းစစ်အခြေစိုက်စခန်းတွေမှာ အများပြည်သူပါဝင်ဆင်နွဲနိုင်အောင် ကျင်းပလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG