ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ပေးခဲ့တဲ့ကတိတွေကို ချက်ချင်းအကောင်အထည်ဖေါ်တဲ့အနေနဲ့ သမ္မတရာထူးလက်ခံပြီးပြီးချင်း ရက်ပိုင်းအတွင်းမှာ Donald Trump ဟာ သူရဲ့ သမ္မတအုပ်ချုပ်ရေးအမိန့်တွေထုတ်ပြန်ပါတယ်။ ဒီထဲမှာ အိမ်နီးချင်း မက္ကဆီကိုနိုင်ငံနဲ့ နယ်စပ်တံတိုင်းတည်ဆောက်မယ့်ကိစ္စလည်း ပါဝင်ပြီး ဒါကို ဝေဖန်ကန့်ကွက်မှုတွေရှိနေသလို အမျိုးသားလုံခြုံရေးအတွက် လိုအပ်တယ်ဆိုပြီး မြင်တဲ့သူတွေလည်း ရှိနေပါတယ်။ Zlatica Hoke ရဲ့သတင်းလွှာကို မအင်ကြင်းနိုင်ကပြောပြမှာပါ။