သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်နီ ထွက်ပေါက် ကန်စစ်သင်္ဘောစောင့်မည်


USS Cole ဖျက်သင်္ဘော။
USS Cole ဖျက်သင်္ဘော။

အီရန်နဲ့ဆက်စပ်မှုရှိတဲ့ Houthi စစ်သွေးကြွတွေရဲ့ရန်ကနေကာကွယ်ဖို့ Yemen နိုင်ငံကမ်းလွန်က နိုင်ငံတကာပိုင်ရေပိုင်နက်ထဲမှာ အမေရိကန်ရေတပ် ဖျက်သင်္ဘော တစီး ကင်းလှည့်မယ်လို့ ကာကွယ်ရေးဌာနက တာဝန်ရှိသူတယောက်က VOA ကိုသောကြာနေ့က ပြောကြားခဲ့ပါတယ်။

Yemen နိုင်ငံ အနောက်တောင်ဖက်မှာရှိတဲ့ Bab al-Mandab ရေလက်ကြားနားကို USS Cole ဖျက်သင်္ဘော သောကြာနေ့က ရောက်ရှိသွားပြီး တာဝန်အရ အဲဒီရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေဘေးကင်း လုံခြုံစွာ သွားနိုင်အောင် ကူညီ လမ်းပြတာအပါအဝင် သူတို့ရှိနေတယ် ဆိုတာ မြင်သာအောင်ပြသတဲ့ စစ်ဆင်ရေးကိုလုပ်မယ်လို့ အမည်မဖော်တဲ့ တာဝန်ရှိသူက VOA ကိုပြောပါတယ်။

USS Cole ဖျက်သင်္ဘောမှာ ဝေဟင်ပစ်နဲ့မြေပြင်ပစ်နိုင်တဲ့ လက်နက်တွေ တပ်ဆင်ထားတဲ့ အတွက် တိုက်ခိုက်လာနိုင်ခြေရှိတဲ့ ရန်တွေကို တုံ့ပြန်နိုင်တယ် လည်း ပြောပါတယ်။Bab al-Mandab ရေလက်ကြားဆီကို မကြာခင် စစ်သင်္ဘောတစင်း ဒါမှမဟုတ် ဖျက်သင်္ဘောတစင်းကို မကြာခင်စေလွှတ်ဖို့ အမေရိကန်စစ်တပ်က စီစဉ်နေစဉ်မှာပဲ တနင်္လာနေ့တုန်းက ပင်လယ်နီထဲမှာ ရှိတဲ့ ဆော်ဒီစစ်သင်္ဘောတစီးအပေါ် ဟူသီသူပုန်တွေရဲ့ အသေခံတိုက်ခိုက်မှုနဲ့ သင်္ဘောအမှုထမ်း ၂ ယောက် သေဆုံးခဲ့ပြီးနောက် အမေရိကန်က USS Cole စစ်သင်္ဘောကို Bab al-Mandab ရေလက်ကြားနား ကို မြန်မြန်ဆန်ဆန် စေလွှတ် ခဲ့တာဖြစ်ပါတယ်။

ကုန်းပေါ်မှာလည်း သွားလာနိုင်တဲ့ USS Comstock နဲ့ USS Makin Island သင်္ဘော ၂ စင်းလည်း အနားက Aden ပင်လယ်ကွေ့ထဲမှာ ရှိနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG