သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ရေတပ်သင်္ဘော အီရန်ရေယာဉ်တွေကို သတိပေးပစ်ခတ်


USS Mahan စစ်သင်္ဘော
USS Mahan စစ်သင်္ဘော

အမေရိကန် ရေတပ်သင်္ဘောတစင်းဟာ တနင်္ဂနွေနေ့က ဟော်မုဇ်ရေလက်ကြားနားမှာ အီရန်ရေယာဉ်တွေကို သတိပေးတဲ့အနေ နဲ့ သုံးကြိမ် ပစ်ခတ်ခဲ့ရတယ်လို့ အမေရိကန် ကာကွယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စလာမ် တော်လှန်ရေး အစောင့်တပ်က ရေယာဉ်သုံးစင်းဟာ USS Mahan စစ်သင်္ဘောနားကို အရှိန်မြှင့်ပြီး မောင်းဝင်လာတဲ့ အတွက် Mahan ဖျက်သင်္ဘောကနေ သတိပေး ပစ်ခတ်ခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။

Oman ပင်လယ်ကွေနဲ့ ပါရှန်းပင်လယ်ကွေ့ကြားက ဟော်မုဇ်ရေလက်ကြားမှာ အခုဖြစ်ရပ် ဖြစ်တာပါ။

အရှိန်လျှော့ဖို့ အမေရိကန်သဘောၤက ရေဒီယိုဆက်သွယ်ရေးကနေတဆင့် ပန်ကြားတာကို အီရန်ရေယာဉ်တွေက မတုံ့ပြန်ဘူး လို့ အမည်မဖော်တဲ့ အမေရိကန် တာဝန်ရှိသူတွေက ရိုက်တာနဲ့ CNN သတင်းဌာနတွေကို ပြောပါတယ်။

တခြားရေယာဉ်နှစ်စင်းအတွက် ရှေ့ပြေးခုတ်မောင်းနေတဲ့ ဖျက်သင်္ဘောကနေ အချက်ပေးမီးခိုးတွေလည်း ပစ်ခတ်ခဲ့သလို ရေတပ် ရဟတ်ယာဉ်ကနေလည်း မီးခိုးလုံး ပစ်ချခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကန် ရေတပ်သင်္ဘော အီရန်ရေယာဉ်တွေကို သတိပေးပစ်ခတ်
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG