သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်မှာ ကန်ရေတပ် သင်္ဘောဖြတ်


အမေရိကန် ဖ ျက်သင်္ဘော USS Decatur
အမေရိကန် ဖ ျက်သင်္ဘော USS Decatur

လွပ်လပ်စွာရေကြောင်းသွားလာမှုကို ကန့်သတ်ဖို့ တရုတ်တို့ကကျိုးပမ်းနေတာကို တန်ပြန်တဲ့အနေနဲ့ တောင်တရုတ်ပင်လယ်ထဲက နယ်မြေပိုင်ဆိုင်မှုအငြင်းပွါးနေတဲ့ ကျွန်းစုအနီးကနေ အမေရိကန်ရေတပ် စစ်သင်္ဘော တစင်း ဖြတ်မောင်းလိုက် ပါတယ်။

ဒါဟာ ရန်စတဲ့လုပ်ရပ်ဖြစ်ပြီး၊ စိုးရိမ်စရာကောင်းတဲ့ တရားမဝင်လုပ်ရပ်ဖြစ်တယ်လို့ တရုတ်နိုင်ငံက သောကြာနေ့ နှောင်းပိုင်းမှာ ရှုံ့ချလိုက်ပါတယ်။ အမေရိကန် ကာ ကွယ်ရေးဌာန ပြောခွင့်ရသူကတော့ Paracel ကျွန်းတွေအနီးကနေ USS Decatur အမေရိကန် ဖျက်သင်္ဘောက ပုံမှန်လုပ်ငန်းစဉ်အတိုင်း ဥပဒေနဲ့အညီ ဖြတ်သန်း သွားတာဖြစ်ပြီး တရုတ်တို့ဘက်က သူတို့ရဲ့ ရေပိုင်နက်ဆိုပြီး တရားလွန်ပြော ဆိုနေတာကို စိန်ခေါ်တဲ့ အနေနဲ့ ဖြတ်ပြီး မောင်းပြခဲ့တာလို့ သောကြာနေ့မှာပြော ပါတယ်။ အပြည်ပြည်ဆိုင်ရာရေပိုင်နက်သတ်မှတ်ချက်ဖြစ်တဲ့ ကျွန်းတွေကနေ ရေ မိုင် ၁၃ မိုင် အကွာအဝေး အတွင်းက ရေတပ်သင်္ဘော ဝင်ရောက်ခဲ့ခြင်း မရှိဘူး လို့ ပြောခွင့်ရက ဆိုပါတယ်။ ဒီရေပိုင်နက်ကို တရုတ်တို့က ထိန်းချုပ်ထားသလို ဗီယက်နမ်နဲ့ တိုင်ဝမ်တို့ကလည်း သူတို့ပိုင်ရေနယ် နိမိတ်တွေ အဖြစ်ပြောဆိုနေ တာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရေပြင်နယ်နိမိတ်သတ်မှတ်ချက်ကို တရုတ်တို့ အသိအမှတ် မပြုသလို အမေရိကန်ကို ဒေသတွင်းမှာ ပြသနာဖန်တီးသူအဖြစ် စွပ်စွဲတာဖြစ် ပါတယ်။ အမေရိကန်ဖျက်သင်္ဘောကို ထွက်ခွါသွားဖို့ တရုတ်တို့က သတိပေးခဲ့ ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း တောင်တရုတ်ပင်လယ်တွင်း နေရာအတော်များများမှာ လွပ်လပ်စွာ ရေးကြောင်းသွားလာမှု စစ်ဆင်ရေးလေ့ကျင့်ခန်းတွေကို အမေရိကန်ရေ တပ်က လေးကြိမ် ပြုလုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG