ကိုအောင်စိုးအကြောင်း တစေ့တစောင်း
ဒုစရိုက်မှုတွေနဲ့ ထောင်ဒဏ် ၁၇ နှစ်ကျော် ပြစ်ဒဏ်ကျခံခဲ့တဲ့ ကိုအောင်စိုးဟာ အကျဉ်းထောင်ထဲမှာ စာအုပ်စာပေလေ့လာနိုင်ခဲ့ပြီး၊ လွတ်မြောက်ချိန်မှာ ရိုးသားစွာ အသက်မွေးဝမ်းကျောင်းရင်း ထောင်တွင်းအတွေ့အကြုံ စာအုပ်ရေးသားခဲ့ပါတယ်။ ဘဝတူ ထောင်ထွက်တွေ စိတ်ဓါတ်မကျအောင်၊ အနာဂတ်အရေး စိတ်အေးရအောင် အသက်မွေးဝမ်းကျောင်းနိုင်ဖို့အတွက်၊ စက်မှုလက်မှုသင်တန်းတွေ ထူထောင်ပေးနိုင်ရေး၊ အသင်းတခုဖွဲ့စည်းနိုင်အောင် ကြိုးစားနေတယ်ဆိုတဲ့ ကိုအောင်စိုးရဲ့ ဘဝအကြောင်း တစေ့တစောင်းကို သူ့အကြောင်းအစီအစဉ်အဖြစ် ကောင်းစံဟိန်းကတင်ဆက်ထားပါတယ်။