သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖေတူအမေကွဲ အကို လုပ်ကြံခံရ


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အဖေတူ အမေကွဲ ညီအကိုတော်စပ်သူဟာ တနင်္လာနေ့က မလေးရှားနိုင်ငံမှာ လုပ်ကြံခံရပြီး သေဆုံးသွားတယ်လို့ တောင်ကိုရီးယား Yonhap သတင်းဌာနက ပြောပါတယ်။

Kim Jong Nam ကွယ်လွန်သွားကြောင်း တောင်ကိုရီးယား အစိုးရက ပြောကြားတယ်လို့ Yonhap သတင်းမှာ ဖော်ပြပါတယ်။ ဒီထက်ပိုပြီး ဘာမှ မသိရပါဘူး။ တောင်ကိုရီးယား ထောက်လှမ်းရေး ကလည်း ဒီသတင်းကို ငြင်းလည်းမငြင်း အတည်လည်း မပြုပေးပါဘူး။

Kim Jong Nam က Kuala Lumpur နိုင်ငံတကာလေဆိပ်ကနေ Taxi နဲ့ မထွက်ခွာခင် မြောက်ကိုရီးယားထောက်လှမ်းရေးလို့ ယူဆတဲ့ရတဲ့ အမျိုးသမီး ၂ ဦးက အဆိပ်အပ်နဲ့ သတ်သွားတာလို့ သိရပါတယ်။

သေဆုံးသူ Kim Jong Nam မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်လာမယ်လို့ တချိန်က ယူဆခဲ့ရသူဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ Japan နိုင်ငံက Disneyland အပန်းဖြေဥယာဉ်ကို နိုင်ငံကူးလက်မှတ်အတုနဲ့ သွားဖို့လုပ်တဲ့အချိန်ကစပြီး သူ့ဖခင် Kim Jong Il ရဲ့ အရေးပေးမှု မခံရတော့တာပါ။ အဲဒီနောက်ပိုင်း သူက ပြည်ပမှာပဲ နေနေပြီး များသောအားဖြင့် မကာအိုကျွန်း မှာ နေထိုင်နေခဲ့ပါတယ်။ သူ့ညီဖြစ်သူ Kim Jong Un ကတော့ ဖခင်ဆုံးပါးချိန် ၂၀၁၁ ခုနှစ်က တည်းက မြောက်ကိုရီးယားခေါင်းဆောင် ဖြစ်လာ ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG