သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်အဖြစ် သတ်မှတ်သင့်တဲ့ ရေအောက်ကုန်းမြေ


Zealandia လို့နာမည်ပေးထားတဲ့ မြေနေရာကုန်းမြေ။
Zealandia လို့နာမည်ပေးထားတဲ့ မြေနေရာကုန်းမြေ။

Pacific သမုဒ္ဒရာတောင်ပိုင်းမှာ ရေမြုပ်နေတဲ့ ကုန်းမြေကြီးကို ၈ ခုမြောက်ကမ္ဘာတိုက်ကြီး အဖြစ်သတ်မှတ်သင့်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောလိုက်ကြပါတယ်။ New Zealand နိုင်ငံရဲ့ အောက်မှာ ရေလွှမ်းခံနေရတဲ့ နေရာကြီးက Australia တိုက်ရဲ့ ၃ ပုံ ၂ ပုံလောက်ရှိပြီး စတုရန်းကီလိုမီတာ ၅ သန်းလောက်ကျယ်ဝန်းတယ်လို့ သုတေသီတွေက အမေရိကန်ဘူမိဗေဒဂျာနယ် Geological Society ထဲမှာ စာတမ်းဖော်ပြထားပါတယ်။

Zealandia လို့နာမည်ပေးထားတဲ့ အဲဒီမြေနေရာကြီးရဲ့ ၆% ကပဲ ရေပေါ်ရောက်နေပြီး New Zealand နိုင်ငံ New Caledonia နဲ့တခြား ကျွန်းသေးလေးတွေအဖြစ် တည်ရှိနေကြပါတယ်။ ပုံမှန်အားဖြင့် New Zealand ကို Australia တိုက်ထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ အဲဒီမြေကြီးဟာ ရေအောက်မှာရောက်နေပေမဲ့ ကမ္ဘာ့တိုက်ကြီးတွေအဖြစ် သတ်မှတ်လို့ရတဲ့ လိုအပ်ချက်တွေနဲ့ ပြည့်မှီတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

XS
SM
MD
LG