နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကျိုးပျက်စေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ သတင်းမှားတွေကို တမင်ဖြန့်နေကြတဲ့ ပြဿနာက ၂၀၁၇ ခုနှစ်ထဲမှာ ပိုဆိုးလာနေပါတယ်။ အထူးသဖြင့် လူမှုကွန်ယက်တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်နေကြတဲ့ သတင်းမှားပြဿနာကို လူမှုကွန်ယက်လုပ်ငန်းကြီးတွေနဲ့ သတင်းမီဒီယာတွေပေါင်းပြီး ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာရင်ဆိုင်နေရတဲ့ သတင်းမှားပြဿနာနဲ့ ကြိုးစားဖြေရှင်းနေကြတဲ့အကြောင်းကို ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ မစုမြတ်မွန်ကတင်ပြပါလိမ့်မယ်။