သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်လွှတ်တော်အနီး တိုက်ခိုက်မှု နောက်ထပ် လူ ၂ ဦးကို ဖမ်းဆီး


လန်ဒန်မြို့တော် လုံခြုံရေးတင်းကျပ်။
လန်ဒန်မြို့တော် လုံခြုံရေးတင်းကျပ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က လွှတ်တော်အနီး တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး နောက်ထပ် လူ ၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုတာမျိုး မရှိပေမဲ့၊ ဖမ်းဆီးမှုဟာ ထူးခြားမှုရှိတဲ့အကြောင်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေးဌာန အကြီးအကဲ Mark Rowley ကပြောဆိုခဲ့တာပါ။

လတ်တလော ဖမ်းဆီးထားသူ စုစုပေါင်း ၉ ဦး ရှိနေပြီး၊ တဦးကိုတော့ ပြန်လွှတ်ပေးလိုက်ပြီလို့လည်း ပြောပါတယ်။ ဗြိတိန်ပါလီမန်အနီး တိုက်ခိုက်မှု ကျုးလွန်ခဲ့သူဟာ အစ္စလာမ်ဘာသာကို ကူးပြောင်းခဲ့သူ ဗြိတိန်နိုင်ငံသား Khalid Masood ဆိုသူဖြစ်ပြီး၊ လက်နက်ပိုင်ဆိုင်မှုနဲ့ တခြားအမှုတွေ အပါအဝင် ရာဇဝတ်မှု ကျုးလွန်ဖူးတဲ့ နောက်ကြောင်းရှိသူ တဦးဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုထားတာပါ။

တိုက်ခိုက်သူရဲ့ နာမည်ရင်းဟာ Adrian Russell Ajao ဖြစ်ပြီး၊ သူနဲ့ပတ်သက်လို့ သိထားတာရှိရင်လည်း ပြောကြဖို့ အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေးဌာန အကြီးအကဲ Rowley က လူထုကို ပန်ကြားထားပါတယ်။ IS စစ်သွေးကြွအဖွဲ့ကတော့ အသက် ၅၂ နှစ်အရွယ် Masood ဟာ၊ အမေရိကန် ဦးဆောင်ပြီး IS အဖွဲ့ကို တိုက်ခိုက်နေတဲ့ မဟာမိတ် နိုင်ငံတွေက အရပ်သားတွေနဲ့ စစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အဖွဲ့ရဲ့ တိုက်တွန်းချက်ကို တုန့်ပြန်လိုက်တာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်တဲ့ ပြစ်မှုတွေနဲ့ တကြိမ်တခါမှ အရေးယူ ခံရဖူးတာမျိုး မရှိခဲ့ပေမဲ့၊ အစွန်းရောက်လုပ်ရပ်တွေနဲ့ ဆက်နွယ်ပြီး စစ်ဆေးမေးမြန်းခံခဲ့ရဖူးသူ ဖြစ်ကြောင်းလည်း ဗြိတိသျှလုံခြုံရေး အရာရှိတွေက ပြောပါတယ်။ လန်ဒန်မြို့က ပါလီမန်အဆောက်အဦးကို ဆက်သွယ်ထားတဲ့ Thames မြစ်ပေါ်က Westminster တံတားပေါ်မှာ သွားလာနေတဲ့လူတွေကို ကားနဲ့တိုက်၊ ဒီနောက်မှာတော့ လွှတ်တော်ဝင်ပေါက်ကိုပါ ဝင်တိုက်ပြီး၊ တားဆီးဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ဝင်တဦးကို ဓားနဲ့ထိုးခဲ့တဲ့ လုပ်ရပ်တွေကိုတော့ သူတဦးတည်း ကျုးလွန်ခဲ့တာဖြစ်မယ်လို့ ယုံကြည်ထားကြောင်းလည်း တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG