သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုအသစ် ခိုင်မာအောင် အာရုံစိုက်ကြဖို့ ဒုသမ္မတဦးမြင့်ဆွေ တိုက်တွန်း


BAF ၂၀၁၇ အာရှဒေသ Boao နှစ်ပတ်လည် ညီလာခံဖွင့်ပွဲအခမ်းအနားမှာ မြန်မာဒုသမ္မတဦးမြင့်ဆွေ မိန့်ခွန်းပြော။ မတ်လ ၂၅၊ ၂၀၁၇။
BAF ၂၀၁၇ အာရှဒေသ Boao နှစ်ပတ်လည် ညီလာခံဖွင့်ပွဲအခမ်းအနားမှာ မြန်မာဒုသမ္မတဦးမြင့်ဆွေ မိန့်ခွန်းပြော။ မတ်လ ၂၅၊ ၂၀၁၇။

တရုတ်နိုင်ငံရဲ့ ပိုးလမ်းမကြီး စီမံကိန်းနဲ့ တခြား သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့အားပေးမှုတွေနဲ့ အာရှဒေသမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ဖို့၊ ပေါင်းစည်းမှုရှိအောင်လုပ်ဖို့ အခွင့်အရေး ပိုရှိနေတယ်လို့ မြန်မာ ဒုသမ္မတ ဦးမြင့်ဆွေက ပြောကြားသွားပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း Hainan ပြည်နယ်က Boao ကမ်းခြေမြို့မှာ ကျင်းပတဲ့ BAF ၂၀၁၇ အာရှဒေသ Boao Forum နှစ်ပတ်လည် ညီလာခံဖွင့်ပွဲအခမ်းအနားမှာ မြန်မာဒုသမ္မတ က အခုလို မိန့်ခွန်းပြောကြားသွားတာပါ။

ဦးမြင့်ဆွေက ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကျက်လုပ်ဆောင်မှုကို ဆန့်ကျင်တာ ကိုယ့်အကျိုးစီးပွားတခုတည်းကို ကာကွယ်တာတွေကို လုံးဝလက်သင့်မခံကြဖို့လညိး တိုက်တွန်းသွားပါတယ်။

"ကိုယ့်အကျိုးစီးပွားတခုတည်းကို အကာအကွယ်ပြုမှုဟာ ကမ္ဘာ့စီးပွားရေးကို ဘယ်နည်းနဲ့မှ အထောက်အကူမပြုပါဘူး။ ဒါ့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကျက်လုပ်ဆောင်မှု၊ ဖွံ့ဖြိုးရေး၊ ပြုပြင်ပြောင်းလဲရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအသစ်တွေ ခိုင်မာအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းရေးဘက်ပို အာရုံစိုက် ဆွေးနွေးကြဖို့လိုပါတယ်"လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောသွားတာပါ။

တရုတ်တို့ အဆိုပြုထားတဲ့ ပိုးလမ်းမကြီး အစပျိုးလုပ်ဆောင်မှုနဲ့ အာရှ အခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံရေးဘဏ် (AIIB) တို့ကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အခြေခံအဆောက်အဦးဆအပိုင်း တိုးတက်မှုရှိစေဖို့အပိုင်းမှာ အများကြီး အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့လည်း ပြောပါတယ်။ တရုတ်အစိုးရ ၂၀၁၃ က စတင် အဆိုပြုထားတဲ့ Belt and Road ခါးပတ်လမ်း အစပျိုးလုပ်ဆောင်မှုမှာက Silk Road Economic Belt လို့ခေါ်တဲ့ စီးပွါးရေးဆိုင်ရာပိုးလမ်းမကြီး စီမံကိန်း နဲ့ ၂၁ ရာစု ကုန်သွယ် ရေကြောင်း ပိုးလမ်းမကြီး စီမံကိန်းတို့ပါဝင်ပါတယ်။ ဒီလမ်းတွေကို မြန်မာနိုင်ငံကနေ ဖြတ်ပြီး ဖောက်လုပ်ရမှာ ဖြစ်ပြီး ဒါဟာ အာရှ၊ ဥရောပ၊ အာဖရိက ဒေသတွေနဲ့ ဟိုးအရင်က ကုန်သွယ်ရေးလမ်းကြောင်းတွေ တလျှောက်က နိုင်ငံတွေကြား ကုန်သွယ်ရေး ကွန်ယက်တခု ဖြစ်လာမှာပါ။

XS
SM
MD
LG