ရီပတ်ဘလစ်ကန်ပါတီနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း
ဒီနှစ် အမေရိကန် လွှတ်တော်အတွင်း အဓိက အားစမ်းမှုကြီးလို့ ပြောရမယ့် သမ္မတဟောင်း အိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဥပဒေကို ပြန်လည် ပြင်ဆင် အစားထိုးရေး ရီပတ်ဘလစ်ကန် ပါတီဝင်တွေ ပြီးခဲ့တဲ့အပတ်က အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။ Michael Bowman သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။