သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နောက်ထပ်ရန်မလုပ်ဖို့ အမေရိကန်သတိပေး


အမေရိကန်သမ္မတ Donald Trump။
အမေရိကန်သမ္မတ Donald Trump။

မြောက်ကိုရီးယားက ဒီသီတင်းပတ်အကုန်မှာ နျူးကလီးယားစမ်းသပ်မှုအသစ်လုပ်မယ်လို့ ခန့်မှန်းနေကြတဲ့ကြားမှာပဲ၊ မြောက်ကိုရီးယားရဲ့ နျူးကလီးယားခြိမ်းခြောက်မှုကို ကောင်းကောင်းကိုင်တွယ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ထပ်ပြီး သတိပေးလိုက်ပါတယ်။

တကယ်လို့ အမေရိကန်ဘက်က စစ်ရေးအရမဆင်မခြင်လုပ်လာခဲ့မယ်ဆိုရင်၊ မြောက်ကိုရီးယားအစိုးရအနေနဲ့လည်း ကြိုတင်လက်ဦးမှုယူပြီး ရင်ဆိုင်သွားမှာဖြစ်တယ်လို့ မြောက်ကိုရီးယားဒု-နိုင်ငံခြားရေးဝန်ကြီး Han Song Ryol က ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ လက်ထဲမှာ အင်အားအလွန်ကောင်းတဲ့ နျူးကလီးယားဒုံးကျည်ရန် ကာကွယ်ရေးစနစ်တရပ်ရှိနေပြီး၊ အမေရိကန်ဘက်က လက်ဦးမှုယူပြီး လေကြောင်းကနေ တိုက်ခိုက်လာတာ မျိုးကို မြောက်ကိုရီးယားအနေနဲ့ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ အေပီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းချိန်မှာ ပြောပါတယ်။

ဒါ့အပြင် အမေရိကန်သမ္မတ Trump က တွီတာလူမှုကွန်ရက်မှာ ပြောဆိုရေးသားနေတာတွေဟာ ပြဿနာရှိပြီး တင်းမာမှုတွေ ပိုတိုးစေတယ်လို့လည်း အေပီသတင်းဌာနနဲ့ သီးခြား တွေ့ဆုံ မေးမြန်းခန်းအတွင်း မစ္စတာ Han က ပြစ်တင် ပြောသွားပါတယ်။

တရုတ်အစိုးရကတော့ မြောက်ကိုရီး ယားကိုရော၊ အမေရိကန်ကိုပါ အပြန်အလှန် ခြိမ်းခြောက်မှုတွေ ရပ်ပြီး တွေ့ဆုံ ဆွေးနွေးနိုင်အောင် ကြိုးစားဖို့ တိုက်တွန်းထားပါတယ်။ ပြန်လည် ပြင်ဆင်လို့မရတဲ့ ထိန်းမနိုင်သိမ်းမရ အခြေအနေတခုကို ရောက်ပြီး ပဋိပက္ခကို ပိုမို ဆိုးရွားသွားအောင် ဘယ်ဘက်ကမှ မလုပ်သင့်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဒီကနေ့ ဘေဂျင်းမြို့တော်မှာ ပြောဆိုသွားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG