သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေးရဖို့ Donald Trump ယုံကြည်


ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ သမ္မတ Trump တွေ့ဆုံစဉ်။ (မေ ၃-၂၀၁၇)
ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ သမ္မတ Trump တွေ့ဆုံစဉ်။ (မေ ၃-၂၀၁၇)

အစ္စရေးနဲ့ ပါလက်စတိုင်းကြား သမိုင်းဝင် ငြိမ်းချမ်းရေးရအောင် ကြားဝင်စေ့စပ်ပေးနိုင် မယ်လို့ အမေရိကန် သမ္မတ Donald Trump က အခိုင်အမာယုံကြည်နေပေမဲ့ ဘယ်အစီအစဉ်နဲ့ လုပ်မှာလည်းဆိုတာတော့ တိတိကျကျ ပြောကြားခြင်းမရှိပါဘူး။ ၂ ဘက်ကြား ငြိမ်းချမ်းရေး သဘောတူညီမှုရဖို့ မျှော်လင့်တယ်လို့ ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့တွေ့ဆုံစဉ်မှာ သမ္မတ Trump ကအကြိမ်ကြိမ်ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အစ္စရေးနိုင်ငံနဲ့ ပါလက်စတိုင်းနိုင်ငံဆိုပြီး ၂ နိုင်ငံအတူယဉ်တွဲတည်ရှိမှုဆိုတာကို မပြောခဲ့သလို ပါလက်စတိုင်းနိုင်ငံလို့လည်း ရည်ညွှန်းခြင်း မရှိခဲ့ပါဘူး။ အရင်အမေရိကန် အစိုးရတွေတုန်းကတော့ ၂ နိုင်ငံအတူယဉ်တွဲတည်ရှိမှုဟာ အစ္စရေးပါလက်စတိုင်း ငြိမ်းချမ်းရေးရနိုင်ဖို့ ညှိနှိုင်းမှုတွေအတွက် အရေးပါတဲ့ကိစ္စတခုအဖြစ် လက်ခံထားခဲ့ကြတာဖြစ်ပါတယ်။

အစ္စရေးတို့ဘက်ကတော့ ပါလက်စတိုင်းနိုင်ငံတည်ရှိရေးဆိုတာကို လက်မခံ ပယ်ချထားတာပါ။ သမ္မတ Trump အနေနဲ့ ၂ နိုင်ငံတည်ရှိနိုင်မှုကို မဆန့်ကျင်သလို ဖြစ်နိုင်မယ့် နည်းလမ်းအားလုံးအတွက် လမ်းဖွင့်ထားပါတယ်လို့ အမေရိကန် တာဝန်ရှိသူတွေကတော့ အလေးအနက်ပြောကြားခဲ့ကြပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဆုံးဖြတ်သဘောတူညီမှု ရလာဒ်တွေအတိုင်း အမေရိကန်က လက်ခံမှာဖြစ်တယ်လို့ဆိုပါတယ်။

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြန်စနိုင်ဖို့ အိမ်ဖြူတော်က ကြိုးစားနေချိန်မှာ အကဲဆတ်တဲ့ ပါလက်စတိုင်းနိုင်ငံတည်ရှိမှုကိစ္စကို သမ္မတ Trump ကပြောကြားဖို့ တွန့်ဆုတ်နေတာဖြစ်တယ်လို့ လေ့လာသူတချို့ကတော့ သုံးသပ်ကြပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းကိစ္စမှာ အမေရိကန်ဟာ ဘက်မလိုက်တဲ့ကြားဝင် ညှိနှိုင်းပေးသူမဟုတ်ဘူးလို့ ပါလက်စတိုင်းအများစုက မြင်နေကြပါတယ်။

အစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေးရဖို့ Donald Trump ယုံကြည်
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG