သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတDonald Trump ပထမဆုံးသွားရောက်မယ့်နိုင်ငံ "ဆော်ဒီအာရေဗီးယား"


သမ္မတDonald Trump
သမ္မတDonald Trump

အမေရိကန် သမ္မတ Donald Trump ရဲ့ ပထမဦးဆုံး နိုင်ငံရပ်ခြား ခရီးစဉ်မှာ ဆော်ဒီအာရေဗီးယား နိုင်ငံကို သွားရောက်မယ် ဆိုတဲ့ အံ့သြဖွယ် ကြေညာချက်ကို သမ္မတ အိမ်ဖြူက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမှာ သမ္မတ Trump ဟာ မွတ်စလင် နိုင်ငံပေါင်းစုံက ခေါင်းဆောင်တွေနဲ့ အစ္စလာမ်အစွန်းရောက် ချေမှုန်းရေးအတွက် စိတ်ဓါတ်ရေးရာ စစ်ဆင်ရေးတွေပါ တွဲပြီး လုပ်ဆောင်ရေးကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ သမ္မတ Trump ဟာ မေလ နှောင်းပိုင်းမှာ သွားရောက်မှာဖြစ်ပါတယ်။

ဆော်ဒီအာရေဗီးယား အပြင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ရဖို့ ကြိုးစားရာမှာ အရှိန်ယူတဲ့ အနေနဲ့ Vatican ကို သွားရောက်ပြီး ပုပ်ရဟန်းမင်းကြီး Francis ကို တွေ့ဆုံမှာ ဖြစ်ပါတယ်။ သမ္မတ Trump ဟာ အစ္စရေး ကိုလည်း သွားရောက်ဖို့ ရှိပါတယ်။

ဆော်ဒီအာရေဗီးယားကို ပထမဆုံးသွားရောက်တာဟာ သူ့ရဲ့ အစွန်းရောက် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် မွတ်စလင် မဟာမိတ်တွေရဲ့ ပူးပေါင်းမှုနဲ့ အကူအညီရစေဖို့ ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

အီရန်နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ အပြီး မကြာခင်မှာပဲ သမ္မတ Trump ရဲ့ အခုလို မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ သွားရောက်တာဟာ အီရန်ကို ရှင်းလင်းတဲ့ သတင်းစကား ပါးရာကျတယ်လို့ သုံးသပ်ကြပါတယ်။

သမ္မတDonald Trump ပထမဆုံးသွားရောက်မယ့်နိုင်ငံ "ဆော်ဒီအာရေဗီးယား"
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG