သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ မြောက်ကိုရီးယား ထိတွေ့ဆက်ဆံဖို့ တရုတ်တိုက်တွန်း


FILE - This combination of photos shows North Korean leader Kim Jong Un on April 15, 2017, in Pyongyang, North Korea, left, and U.S. President Donald Trump in Washington on April 29, 2017.
FILE - This combination of photos shows North Korean leader Kim Jong Un on April 15, 2017, in Pyongyang, North Korea, left, and U.S. President Donald Trump in Washington on April 29, 2017.

မြောက်ကိုရီးုယား နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး နောက်ထပ် တင်းမာမှုတွေ ထပ်မဖြစ်ရအောင် ရှောင်ရှားတဲ့အနေနဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား အစိုးရအကြား ထိတွေ့ ဆက်ဆံမှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ တရုတ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ ဖြစ်နိုင်ရင်တွေ့ဆုံဖို့ သူ လမ်းဖွင့်ထားတယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောဆိုလိုက်ပြီးတဲ့နောက်မှာပဲ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang က အခုလို တိုက်တွန်း ပြောဆိုသွားတာဖြစ်ပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယား အစိုးရတို့အနေနဲ့ ငြိမ်းချမ်းရေးအတွက် ခိုင်မာတဲ့လုပ်ဆောင်မှုတွေ လုပ်သွားရလိမ့်မယ်လို့်လည်း ပြောခွင့်ရ Geng က ပြောပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့အချိန်၊ အမေရိကန်ကလည်း တောင်ကိုရီးယားကို အဆင့်မြင့် ဒုံးခွင်းဒုံးစနစ် နေရာချထားပြီး နှစ်ဘက် အပြန်အလှန် တင်းမာမှုတွေ တိုးလာအောင် လုပ်ဆောင်နေတာ တွေကို ရပ်ဆိုင်းဖို့ တရုတ်အစိုးရက တိုက်တွန်း နေတာပါ။ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကြီးတွေကိုလည်း နှစ်ဘက်စလုံးက လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG