သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတTrump နဲ့ ပါလက်စတိုင်းအကြီးအကဲ တွေ့ဆုံ 


အမေရိကန် သမ္မတ Trump နဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့အကြီးအကဲ Mahmoud Abbas တို့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးစဉ်။ မေလ ၃ ရက် ၂၀၁၇
အမေရိကန် သမ္မတ Trump နဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့အကြီးအကဲ Mahmoud Abbas တို့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးစဉ်။ မေလ ၃ ရက် ၂၀၁၇

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် သံတမန်ရေး နည်းလမ်းနဲ့ တိုးတက်မှုတွေ ရရှိအောင် လုပ်ဆောင်ကြဖို့ အမေရိကန်သမ္မတ Donald Trump နဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ အကြီးအကဲ Mahmoud Abbas တို့က ဗုဒ္ဓဟူးနေ့မှာ သံဓိဌာန် ပြုလိုက်ကြပါတယ်။

ပါလက်စတိုင်းနဲ့ အစ္စရေးတို့အနေနဲ့ သဘောတူညီမှု ရရှိအောင် လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ သူ့အနေနဲ့ ကြာကနေ စေ့စပ် ညှိနှိုင်းပေးတဲ့သူ ဖြစ်လိုကြောင်းနဲ့ ဒီကိစ္စကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။

သူ့ဘ၀ တသက်တာလုံး ကြားခဲ့ဘူးတာကတော့ အခက်ခဲဆုံး စေ့စပ် ညှိနှိုင်းရေး လုပ်ငန်းဟာ ပါလက်စတိုင်းနဲ့ အစ္စရေးအကြားက စေ့စပ် ညှိနှိုင်းမှုဖြစ်ကြောင်း၊ အဲဒီလို ပြောဆိုနေမှုတွေ မှားယွင်းတယ်ဆိုတာကို ပြသနိုင်မလား ဆိုတာ စောင့်ကြည့်ကြရအောင်လို့ သမ္မတ Trump က ပြောပါတယ်။

သမ္မတ Trump ရဲ့ ဦးဆောင်မှုနဲ့ ကျွမ်းကျင်တဲ့ စေ့စပ် ညှိနှိုင်းစွမ်းတွေကြောင့် သမိုင်းဝင် သဘောတူညီချက် ရနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း သမ္မတ အိမ်ဖြူတော်မှာ သမ္မတ Trump နဲ့ ပူးတွဲ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပါလက်စတိုင်း ခေါင်းဆောင် Mahmoud Abbas က သတင်းထောက်တွေကို ဘာသာပြန်ကတဆင့် ပြောကြားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ရရှိရေးကိစ္စဟာ နှစ်ပေါင်းများစွာ လူအများစုက ယုံကြည်ထားသလောက် ခက်ခဲမှာ မဟုတ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြီးသွားပြီးတဲ့နောက်မှာ သမ္မတ Trump က မစ္စတာ Abbas ကို ပြောကြားခဲ့ပါတယ်။

သမ္မတTrump နဲ့ ပါလက်စတိုင်းအကြီးအကဲ တွေ့ဆုံ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG