သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဆော်ဒီ ဒေါ်လာဘီလီယံ ၁၁၀ စစ်ဖက်ဆိုင်ရာ သဘောတူညီချက်ရရှိ


ဆာ်ဒီဘုရင် Salman bin Abdulaziz နဲ့ အမေရိကန်သမ္မတ Donald Trump တို့ ဒေါ်လာ ၁၁၀ ဘီလီယံ တန်ဘိုးရှိတဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုး၊
ဆာ်ဒီဘုရင် Salman bin Abdulaziz နဲ့ အမေရိကန်သမ္မတ Donald Trump တို့ ဒေါ်လာ ၁၁၀ ဘီလီယံ တန်ဘိုးရှိတဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုး၊

ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ စစ်စွမ်းရည်တိုးမြှင့်စေဖို့ ရည်ရွယ်ပြီး ဆော်ဒီဘုရင် Salman bin Abdulaziz နဲ့ Riyadh မြို့တော်မှာ ရောက်နေတဲ့ အမေရိကန်သမ္မတ Donald Trump တို့ ဒေါ်လာ ၁၁၀ ဘီလီယံ တန်ဘိုးရှိတဲ့ သဘောတူညီချက်တွေကို ဒီကနေ့ပဲ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ကာကွယ်ရေး ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေ ပါဝင်တဲ့ သဘောတူညီချက်ဟာ အီရန်နိုင်ငံရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ ဆော်ဒီအာရေးဗီးယားနဲ့ ပင်လယ်ကွေ့ဒေသကို ရေရှည်လုံခြုံမှုအတွက် အထောက်အပံ့ ဖြစ်စေနိုင်သလို၊ ဒေသတွင်းမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဆော်ဒီနိုင်ငံရဲ့ စွမ်းဆောင်ရည် ပိုမိုအားကောင်းလာမှာ ဖြစ်သလို၊ အမေရိကန်က တာဝန်ယူနေရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုလည်း သက်သာစေမှာ ဖြစ်တဲ့အကြောင်း အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်က ဖော်ပြခဲ့ပါတယ်။

သဘောတူညီချက်ကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ရှိနေကြတဲ့ အမေရိကန် ကုမ္ပဏီတွေအတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်မှာ ဖြစ်သလို၊ ပြည်တွင်းက ကာကွယ်ရေးလုပ်ငန်းတွေမှာလည်း အလုပ်အကိုင်သစ်တွေ ရရှိနိုင်မှာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။ သဘောတူညီချက် တစိတ်တပိုင်းအဖြစ် ၆ ဘီလီယံ တန်ဘိုးရှိတဲ့ Lockheed Martin ကုမ္ပဏီထုတ် Blackhawk ရဟတ်ယာဉ် ၁၅၀ ကို ဆော်ဒီနိုင်ငံမှာ တပ်ဆင်မယ့် အစီအစဉ်မှာတော့ ဆော်ဒီနိုင်ငံမှာ အလုပ်အကိုင် ၄၅၀ လောက်ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ဆော်ဒီဘုရင်နဲ့ Riyadh မြို့က တော်ဝင်ဘုရင့်နန်းတော်ဝင်းမှာ တွေ့ဆုံခဲ့စဉ်မှာတော့၊ အရပ်သားတွေကို ပေးအပ်တဲ့ ဆော်ဒီနိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုကို သမ္မတထရမ့်ကို ပေးအပ်ခဲ့ပါတယ်။ သမ္မတထရမ့် နဲ့ အဖွဲ့ နန်းတော်ဝင်းအတွင်း ဝင်လာချိန်မှာ ဆော်ဒီဘုရင် Salman က - ဘုရင် Abdulaziz al-Saud ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ မစ္စတာထရမ့်ဟာအမေရိကန်သမ္မတအဖြစ်နဲ့ သူ့ရဲ့ ပထမဆုံးပြည်ပခရီးစဉ်ကို စတင်တဲ့အနေနဲ့ ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ကို ဒီကနေ့ စနေနေ့မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

အရင် အမေရိကန်သမ္မတတွေတုန်းကတော့ ဘယ်သူကမှ ဆော်ဒီအာရေဗျနိုင်ငံကို သူတို့ရဲ့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် သွားလေ့မရှိပေမယ့်၊ သမ္မတထရမ့်ကတော့ သူရဲ့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ်နဲ့ ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG