သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာအခန်းကဏ္ဍ


မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတရုတ်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်လို့ အစိုးရအဖွဲ့ အဆင့်မြင့် တာဝန် ရှိသူတဦးက ပြောပါတယ်။ ကျင်းပနေတဲ့ ၂၁ ရာစုပင်လုံ၊ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲမှာ မြောက်ပိုင်း မဟာမိတ်လို့ခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ ပါဝင်တက်ရောက်နိုင်ဖို့အတွက် တရုတ်နိုင်ငံက အဓိက ကြားဝင် စေ့စပ်ပေးခဲ့ပြီး ခုလိုပြောတာပါ။ အမေရိကန်ပြည်ထောင်စုကတော့ တရုတ်နိုင်ငံလောက် ပါဝင်ပတ်သက်မှုမရှိသေးဘဲ ကူညီနိုင်သလောက် ကူညီနေတယ်လို့ သံအမတ်ကြီးက ပြောထားပါတယ်။ ညီလာခံကျင်းပနေတဲ့ နေပြည်တော် MICC II ခန်းမကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

XS
SM
MD
LG