သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ အသုံးစရိတ်နဲ့ ဝန်ကြီး Tillrson ရှင်းလင်းချက်


အစိုးရ အသုံးစရိတ်နဲ့ ဝန်ကြီး Tillrson ရှင်းလင်းချက်
please wait

No media source currently available

0:00 0:04:08 0:00
တိုက်ရိုက် လင့်ခ်

သံတမန်ရေးနဲ့ နိုင်ငံရပ်ခြားအထောက်အပံ့တွေအတွက် ရန်ပုံငွေလျာထားချက်ကို အကြီးအကျယ်ဖြတ်တောက်လိုက်တဲ့ အမေရိကန်အစိုးရရဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က လွှတ်တော် ၂ ရပ်ရှေ့မှောက်မှာ ဒီသီတင်းပတ်အတွင်း ရှင်းလင်းချေပခဲ့ရပါတယ်။ ရန်ပုံငွေတွေကို လက်တွေ့ကျကျ စိစစ်သုံးစွဲမယ်ဆိုရင် သမ္မတ Trump အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်တွေအားလုံး ပြည့်မှီအောင်လုပ်နိုင်တယ်လို့ ဆိုပါတယ်။ လွှတ်တော်အမတ်တွေကတော့ နိုင်ငံတကာကိုပေးနေတဲ့ ဖွံ့ဖြိုးရေးအထောက်အပံ့တွေနဲ့ သံတမန်ဆက်ဆံရေး အပါအဝင် သိမ်မွေ့တဲ့စွမ်းအားအတွက် ရန်ပုံငွေကိုလျှော့ချပြီး၊ စစ်ရေးအသုံးစရိတ်ကို တိုးမြှင့်လိုက်တဲ့ အစိုးရရဲ့ အဆိုပြုချက်ကိုမေးခွန်းထုတ်ခဲ့ကြပါတယ်။ VOA သတင်းထောက် Zlatika Hoke က သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။

XS
SM
MD
LG