သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကာရှိအကြီးဆုံးဗလီ အကြမ်းဖက်တိုက်ခိုက်ရန်ကြံစည်မှု ဆော်ဒီရဲတပ်ဖွဲ့ဟန့်တားနိုင်ခဲ့


ဆော်ဒီအာရေဗီးယားနိုင်ငံ မက္ကာမြို့က အကြီးဆုံး ဗလီကျောင်းကြီး။
ဆော်ဒီအာရေဗီးယားနိုင်ငံ မက္ကာမြို့က အကြီးဆုံး ဗလီကျောင်းကြီး။

ဆော်ဒီအာရေဗီးယားနိုင်ငံ မက္ကာမြို့က အကြီးဆုံး ဗလီကျောင်းကြီးကို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်မှုကို ကြိုတင်ဟန့်တားနိုင်ခဲ့ပြီး၊ တိုက်ခိုက်ဖို့ ကြံစည်သူကိုလည်း နေအိမ်မှာ စီးနင်းဖမ်းဆီးချိန်မှာ အသေဖမ်းဆီးမိကြောင်း ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။

ဆော်ဒီနိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသခဲ့တဲ့ ဗွီဒီယိုထဲမှာတော့ အသေခံဗုံးခွဲသမား နေထိုင်ရာ ၃ ထပ်တိုက် အဆောက်အဦးကို ရဲတွေ ဝင်ရောက် စီးနင်းရှာဖွေနေတဲ့ပုံတွေကို တွေ့ရပါတယ်။ ဗုံးခွဲဖို့ ကြံစည်သူနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်၊ အသေခံဖောက်ခွဲခဲ့တဲ့အတွက် အဆောက်အဦး ပြိုကျပျက်စီးခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့တာပါ။

ပေါက်ကွဲမှုအတွင်း အသေခံဗုံးခွဲသူ တဦးသာ သေဆုံးခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင် ၅ ဦးနဲ့ အရပ်သား ၆ ယောက် ဒဏ်ရာရခဲ့ကြောင်းလည်း ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဆက်နွယ်ပြီး၊ အမျိုးသမီးတဦး အပါအဝင် လူ ၅ ဦးကို ဖမ်းဆီးထားကြောင်းလည်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုခဲ့တာပါ။ တိုက်ခိုက်ဖို့ ကြံစည်မှုဟာ ဘယ်အဖွဲ့အစည်းနဲ့ ဆက်နွယ်နေသလဲ ဆိုတာကိုတော့ တိတိကျကျ မပြောပါဘူး။

အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားရာ မက္ကာမြို့က ဗလီကျောင်းကို တိုက်ခိုက်ဖို့ ကြံစည်မှုအတွက် အီရန်နိုင်ငံနဲ့ လက်ဘနွန်မှာရှိတဲ့ ဟက်ဇ်ဘူလာ အဖွဲ့တွေကလည်း ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ အကြမ်းဖက်ဝါဒဟာ နေရာတကာမှာ ပြန့်နှံ့လာနေပြီး၊ ကမ္ဘာတဝန်း ပိုမိုကြီးထွား လာနေကြောင်းလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Bahram Ghasemi က ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG