သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား အသုံးပြုနိုင်ငံများစာရင်းက မြန်မာကို ပယ်ဖျက်ဖို့မသင့်သေးဟု လူ့အခွင့်အရေးကျွမ်းကျင်သူ သုံးသပ်


ရှေ့တန်းစစ်မျက်နှာပြင်မှာ တွေ့ရတဲ့ ကလေးစစ်သားတွေ။
ရှေ့တန်းစစ်မျက်နှာပြင်မှာ တွေ့ရတဲ့ ကလေးစစ်သားတွေ။

မြန်မာနဲ့ အီရတ်ကို ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံများ စာရင်းကနေ အမေရိကန်က ပယ်ဖျက်တော့မယ် လို့အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ပြောကြား လိုက်ပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံမှာတော့ ကလေးစစ်သားအသုံးပြုမူတွေ ရှိနေဆဲဖြစ် တာကြောင့် ပယ်ဖျက်တာထက် စောင့်ကြည့်တဲ့စာရင်းထဲမှာ ထည့်ထားသင့်တယ်လို့ လူအခွင့်အရေး အဖွဲအစည်းတွေကဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနဲ့အီရတ်ကို ကလေးစစ်သားအသုံးပြုတဲ့နိုင်ငံများစာရင်းကနေ အမေရိကန်က ပယ်ဖျက်တော့မယ်လို့ပြော ဆိုလိုက်တဲ့အတွက် လူအခွင့်အရေးလှုပ်ရှားသူတွေကတော့ အချိန်မတန်သေးတဲ့လုပ်ရပ်ဖြစ်တယ်လို့ဝေဖန်ခဲ့သလို့မြန်မာစစ်တပ်ကော တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာပါ ကလေးစစ်သားအသုံးပြုမှုတွေရှိနေဆဲဖြစ်တာကြောင့် စောင့်ကြည့်သင့်တဲ့ အနေအထားရှိနေတယ်လို့ မြန်မာနိုင်ငံက လူအခွင့်အရေး အဖွဲ့ တခုဖြစ်တဲ့ ညီမျှခြင်းမြန်မာရဲ့ဒါရိုက်တာဦးအောင်မျိုးမင်းကပြောပါတယ်။

" ဒီကလေးစစ်သားနဲ့ပတ်သက်လို့ အစိုးရလုပ်ဆောင်မှုကတော့ ကျနော်တို့ အသိအမှတ် ပြုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးစစ်သားနဲ့ပတ်သက်ပြီး ပြန်လွှတ်ပေးတာတွေ ဒီဟာနဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေကို လုပ်ဆောင်တာ ကျနော်တို့ကြိုဆိုပါတယ်။ ဒါပေမဲ့ ကလေးစစ်သားလုံးဝ မရှိဘူးလို့ပြောဖို့အတွက်ကတော့ စောလွန်းသေးတယ်ဗျ။ ဘာကြောင်လဲ့ဆိုတော့ စစ်တပ်ထဲမှာ ကလေးစစ်သားခေါ်တုန်းက အသက်မပြည့်သေးပေမဲ့ အခုမှ အသက်ပြည့် သွားတဲ့သူတချို့ ကျန်နေသေးတယ်။ အဲ့တာတွေကြောင့်မို့ သူတို့က ကလေးစစ်သားတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့တွေ ပြန်လည်လွတ်မြောက်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။

ကလေးစစ်သားအသုံးပြုနေတဲ့ လက်နက်ကိုင်အဖွဲ့တွေရှိနေတုန်းပါပဲ။ အဲ့တော့ ဒီ လက်နက်ကိုင်တပ်ဖွဲ့ထဲမှာ ရှိနေတဲ့ကလေးစစ်သားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အခုလိုမျိုး ကျနော်တို့ အပစ်အခတ်ရပ်စဲ တဲ့နေရာတွေမှာ ငြိမ်းချမ်းရေးဆွေးနွေး တဲ့နေရာမှာ စီမံကိန်းတခုအနေနဲ့ထည့်သွင်းစဉ်းစားဖို့ လုပ်ဆောင်တဲ့နေရာမှာတော့ အားနည်း ပါသေးတယ်။ ဒါကြောင့်မို့လို့ ဆက်ပြီးတော့ စောင့်ကြည့်တဲ့နေရာမှာတော့ ပါစေချင်တယ်။ ဒါတွေက ပယ်ဖျက်လိုက်ပြီ လုပ်နေကျလုပ်ငန်းတွေကို ရပ်တန့်လိုက်ပြီဆိုတာ မဖြစ်သင့်ဘူး။ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ကိစ္စကို ဒီ့ထက်ပိုမိုဆောင်ရွက် သွားဖို့ကတော့ လိုအပ်နေတုန်းပါပဲ။

အရင်တုန်းကထက်စာရင် ကလေးစစ်သားအတင်းအကြပ် စုဆောာင်းမှုတွေနည်း သွားပေမဲ့ အရင်တုန်းက စစ်ထဲရောက်ကာစက အသက်မပြည့်သေးတဲ့ ကလေးတွေ ကတော့ ထွက်ခွင့်မရသေးတာတွေလည်း ရှိနေဆဲပဲလို့ဆိုပါတယ်။

" အရင်တုန်းကလိုမျိုး ကလေးစစ်သားတွေ စေခိုင်းတယ် သွပ်သွင်းတဲ့ပုံစံမျိုး ကတော့ တော်တော်နည်းသွားပေမဲ့ အရင်တုန်းက အသက် ၁၈မပြည့်သေးခင်မှာ ဝင်ခဲ့ရတယ်။ အခုအချိန်မှာ ၁၈နှစ်ပြည့်သွားတဲ့အတွက် သူတို့ကို တပ်ထဲကပြန်ထုတ်ဖို့ လုပ်ဆောင်တဲ့နေရာမှာတော့ အခက်အခဲရှိနေတုန်းပဲ ဘာကြောင့်လဲဆိုတော့ ကလေးတွေက အသက်မပြည့်ခင်ဝင်ရတဲ့အတွက် ကလေးစစ်သားမြောက်ပါတယ်။ ဒါပေမဲ့ အဲ့တာမျိုးတွေကို ကလေးစစ်သားအဖြစ် အသိအမှတ်မပြုပဲနဲ့တပ်ထဲမှာ ဆက်လက်ထားတဲ့ကိစ္စတွေကတော့ ပိုမိုများပြားနေပါတယ်။

လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ဖြစ်တဲ့ Human Rights Watch အဖွဲ့ကြီးကတော့ မြန်မာနိုင်ငံကို ဒီစာရင်းကနေ ပယ်ဖျက်တာဟာ အချိန်မတန်သေးတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

ဒီလို ရုပ်သိမ်းလိုက်တဲ့ အတွက် ကလေးသူငယ် တွေ ကျွန်ပြုခံရမှု၊ လူ့အခွင့်ရေး အချိုးဖေါက် ခံရမှုတွေ ပိုများလာနိုင်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့တို့ ကို ကလေးစစ်သား အသုံးပြုတဲ့ စာရင်းမှာ ထည့်ထားတဲ့ ကုလသမဂ္ဂ နဲ့လည်း သဘောထား ကွဲလွဲ နိုင်တယ်လို့ဝေဖန်မူတွေလည်းှရှိနေတာပါ

ဒီထဲမှာ ကလေးစစ်သားအသုံးပြုမူတွေ ရှိနေတယ်လို့ ဝေဖန်မူတွေခံနေရတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေထဲမှာ ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့UWSA လည်းပါဝင်ပါတယ် ကလေးစစ်သားတွေအသုံးပြုမူတွေ ရှိမရှိနဲ့ပတ်သက်လို့UWSA ရဲ့ဆက်ဆံရေးအရာရှိတဦးဖြစ်သူ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာတေ့ာ အခုလိုပြောပါတယ်။

" ကလေးစစ်သားနဲ့ပတ်သက်လို့ ဌာနချုပ်ကို ကျနော်တို့မေးထားတယ်။ အဲ့ဒီ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဌာနချုပ်ကို မေးထားတယ်။ ဘယ်လိုအကြောင်းပြန်မလဲ မသိဘူး စောင့်ပါဦးနော်။"

မြန်မာအစိုးရက ၂၀၁၂ ခုနှစ်မှာ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂနဲ့ စာချုပ် ချုပ်ဆိုခဲ့ချိန်က စပြီး တာဝန်ထမ်းဆောင်နေတဲ့ ကလေးစစ်သား စုစုပေါင်း ၈၄၉ ယောက်ကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG