သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သားသုံးတဲ့စာရင်းက မြန်မာကို ကန်ဖယ်ထုတ်မည်


မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့ အခမ်းအနား။
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့ အခမ်းအနား။

မြန်မာနဲ့ အီရတ်ကို ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံများ စာရင်းကနေ အမေရိကန်က ပယ်ဖျက်တော့မယ် လို့အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ပြောကြားလိုက်ပါတယ်။ ဒါဟာ Trump အစိုးရ အနေနဲ့ လူ့အခွင့် အရေးထက် လုံခြုံရေးနဲ့ သံတမန်ရေးအရ အဆင်ပြေမှုကို ဦးစားပေးတယ်လို့ အစွပ်စွဲ ခံလာရ နိုင်စရာ ဖြစ်ပါတယ်။

လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ဖြစ်တဲ့ Human Rights Watch အဖွဲ့ကြီးကတော့ မြန်မာနိုင်ငံကို ဒီစာရင်းကနေ ပယ်ဖျက်တာဟာ အချိန်မတန်သေးတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

ဒီလို ရုပ်သိမ်းလိုက်တဲ့ အတွက် ကလေးသူငယ် တွေ ကျွန်ပြုခံရမှု၊ လူ့အခွင့်ရေး အချိုးဖေါက် ခံရမှုတွေ ပိုများလာနိုင်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့တို့ ကို ကလေးစစ်သား အသုံးပြုတဲ့ စာရင်းမှာ ထည့်ထားတဲ့ ကုလသမဂ္ဂ နဲ့လည်း သဘောထား ကွဲလွဲ နိုင်ပါတယ်။

အခုအခါ မြန်မာနိုင်ငံဟာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို တဖြေးဖြေး ခံလာရတဲ့ အတွက် အမေရိကန်ရဲ့ မဟာဗျူဟာ အရ ပိုမို အရေးကြီးလာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေတဲ့အတွက် အခုလို မြန်မာနိုင်ငံအပေါ် လျော့ပေါ့ဆက်ဆံတာလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

သောကြာနေ့မှာပဲ မြန်မာအစိုးရစစ်တပ်က တပ်မတော်မှာ ရှိနေတဲ့ ကလေးစစ်သား ၆၇ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ ကုလသမဂ္ဂ ကလေးများရံကပုံငွေ အဖွဲ့ UNICEF ဌာနေ ကိုယ်စားလှယ် Bertrand Bainvel က ပြောကြားလိုက်ပါတယ်။

မြန်မာအစိုးရက ၂၀၁၂ ခုနှစ်မှာ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂနဲ့ စာချုပ် ချုပ်ဆိုခဲ့ချိန်က စပြီး တာဝန်ထမ်းဆောင်နေတဲ့ ကလေးစစ်သား စုစုပေါင်း ၈၄၉ ယောက်ကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG