သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူဝင်မှုကြီးကြပ်ရေး ဥပဒေကြမ်း ၂ ရပ် အမေရိကန်အောက်လွှတ်တော် အတည်ပြု


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ ကွန်ကရက်လွှတ်တော်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ ကွန်ကရက်လွှတ်တော်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေမူကြမ်းနှစ်ရပ်ကို အမေရိကန်အောက် လွှတ်တော်က ကြာသပတေးနေ့မှာ အတည် ပြု ပြဌာန်းလိုက်ပါတယ်။ တခုကတော့ နိုင်ငံရင်းကို ပြန်ပို့ခံရပြီးတဲ့နောက် အမေရိကန်ကိုပြန်ဝင်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်သူတွေအပေါ် ပိုပြီးပြင်းထန်တဲ့ပြစ်ဒဏ် ချမှတ်မယ့်ဥပဒေဖြစ်ပြီး နောက်တခုကတော့ အဲဒီလိုလူတွေကို အရေးမယူ ဘဲ နေထိုင်ခွင့်ပေးထားတဲ့ မြို့တွေကို ဖက်ဒရယ်အစိုးရရန်ပုံငွေ ဖြတ်တောက်မယ့်ဥပဒေဖြစ်ပါတယ်။

Kate ဥပဒေလို့ အမည်ပေးထားတဲ့ဥပဒေကို အောက်လွှတ်တော်မှာ ထောက်ခံမဲ ၂၅၇ မဲ၊ ကန့်ကွက်မဲ ၁၆၇ မဲနဲ့ အတည်ပြုလိုက် တာပါ။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လက ဆန်ဖရန်ဆစ္စကိုမြို့မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ အသက် ၃၂ နှစ်အရွယ် Kate Steinle ရဲ့ နာမည်ကိုယူပြီး ဥပဒေကို အမည်ပေးထားတာဖြစ်ပါတယ်။ Kate ကိုသတ်ခဲ့ တာကတော့ ငါးကြိမ်ထိ ပြန်ပို့ခံခဲ့ရဖူးတဲ့ Juan Francisco Lopez-Sanchez ဖြစ်ပြီး လူသတ်မှု၊ သေနတ်ပစ်မှုနဲ့ဆက်စပ်တဲ့ တခြားစွဲချက်တွေနဲ့ တရားရင်ဆိုင်နေရပါတယ်။

ဒီ Kate ဥပဒေအရ မူရင်းနိုင်ငံကို ပြန်ပို့ခံရပြီးတဲ့နောက် အမေရိကန်ကို နောက်တကြိမ်ပြန် ဝင်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်သူတွေအပေါ် ထောင်ဒဏ်ကို တိုးမြှင့်ချမှတ်မှာဖြစ်ပါတယ်။

ဒါ့အပြင် ရာဇဝတ်လုပ်ရပ်အတွက် ဘေးကင်းခိုလှုံခွင့်မပြုရေးဥပဒေလို့ဆိုရမယ့် No Sanctuary for Criminals Act ဆိုတဲ့ ဥပဒေ ကိုလဲ ထောက်ခံမဲ ၂၂၈ မဲ၊ ကန့်ကွက်မဲ ၁၉၅ မဲနဲ့ အောက်လွှတ်တော်က အတည်ပြုခဲ့ပါသေးတယ်။ အထောက်အထားမဲ့ ရွှေ့ ပြောင်းဝင်သူတွေကို အရေးမယူဘဲ နေထိုင်ခွင့်ပေးထားတဲ့မြို့တွေကို ဖက်ဒရယ်အစိုးရ ရန်ပုံငွေမပေးဖို့ ဒီဥပဒေအရ ကန့်သတ် ထားသလို လူဝင်မှုကြီးကြပ်ရေး လုပ်ဆောင်ချက်တွေကို လိုက်နာစေဖို့ ဖက်ဒရယ်အစိုးရ လုပ်ပိုင်ခွင့်ကိုလဲ တိုးချဲ့ပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG