သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၃၀ ရှောင်ပြေးလာတဲ့ မူးယစ်ရာဇာကို ဘရာဇီးလ်အာဏာပိုင် ဖမ်းဆီးရမိ


ဘရာဇီးလ်ရဲတပ်ဖွဲ့ဝင်များ
ဘရာဇီးလ်ရဲတပ်ဖွဲ့ဝင်များ

ဘရာဇီလ်း အာဏာပိုင်တွေကို နှစ်ပေါင်း ၃၀ ကြာ ရှောင်တိမ်းခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မူးယစ်ရာဇာ တဦးကို ဖမ်းဆီးရမိပြီလို့ ဘရာဇီးလ်ရဲက ပြောဆိုပါတယ်။ ဖမ်းဆီးခံရမယ့် အရေး ရှောင်လွှဲနိုင်ဖို့ အတွက် Luiz Carlos da Rocha က ပလတ်စတစ် ဆာဂျရီ လုပ်ခဲ့တယ်လို့လည်း အာဏာပိုင်တို့က ပြောပါတယ်။ ကျယ်ပြန့်လှတဲ့ နိုင်ငံတကာ ကိုကင်း အင်ပါယာကြီးကို ကြိုးကိုင်ထားသူ Luiz Carlos da Rocha က Vitro Luiz de Moraes ဆိုတဲ့ နာမည်နဲ့ နေထိုင်နေတာလို့လည်း အာဏာပိုင်တို့က ယူုဆထားတာပါ။

Luiz Carlos da Rocha က ဘိုလီးဗီးယား၊ ကိုလံဘီယာနဲ့ ပီရူးနိုင်ငံတို့က တောတွေထဲမှာ ကိုကိန်း ထုတ်လုပ်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေကို ဖြန့်ဖြူးတာ ဖြစ်တယ်လို့ အာဏာပိုင်တို့က ပြောပါတယ်။ ဘရာဇီလ်းနိုင်ငံ ဆော်ပိုလိုနဲ့ ရီယို ဒီဂျနေးရိုးလ်လ်း တို့က မူးယစ်ဆေးဝါး ရောင်းချသူတွေကို ကိုကိန်းတွေ အဓိက ပေးသွင်းနေသူ ဖြစ်တယ်လို့လည်း အာဏာပိုင်တို့က ပြောပါတယ်။

Luiz Carlos da Rocha ပိုင် ဇိမ်ခံကားတွေ၊ လေယာဉ်၊ မြေယာတွေနဲ့ တခြား အိမ်ခြံမြေ စုစုပေါင်း ဒေါ်လာ ၁၀ သန်းလောက်ကို ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေ အတွင်း သိမ်းဆည်းထားတယ်လို့လည်း ရဲ က ပြောပါတယ်။ မူးယစ်ရာဇာ Luiz Carlos da Rocha ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုက အနည်းဆုံး ဒေါ်လာ သန်း ၁၀၀ လောက် ရှိမယ်လို့ ရဲ့ ယူဆထားပြီး ဒုတိယ အကျော့ စစ်ဆင်ရေး အတွင်း ဒီပိုင်ဆိုင်မှုတွေကို စစ်ဆေး ရှာဖွေသွားမှာ ဖြစ်တယ်လို့လည်း ရဲက ပြောပါတယ်။

နှစ် ၃၀ ရှောင်ပြေးလာတဲ့ မူးယစ်ရာဇာကို ဘရာဇီးလ်အာဏာပိုင် ဖမ်းဆီးရမိ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG