သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘက်ဆိုင်ရာဆွေးနွေးဖို့ မြောက်ကိုးရီးယားကို တောင်ကိုရီးယား တိုက်တွန်း


မြောက်ကိုရီးယားခေါင်းဆောင်နဲ့ စစ်တပ်။
မြောက်ကိုရီးယားခေါင်းဆောင်နဲ့ စစ်တပ်။

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာနေမှုတွေ လျော့ကျပြီး နောက်ဆုံး မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် အစီအစဉ်တွေ အဆုံးသတ်နိုင်ဖို့ အတွက် စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်သွားဖို့ ကမ်းလှမ်းထားတာကို မြောက်ကိုရီးယားအနေနဲ့ အမြန်ဆုံး လက်ခံဖို့ တောင်ကိုရီးယား အစိုးရက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

နှစ်ဘက်စစ်တပ်ကြား ဆွေးနွေးဖို့အပြင် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာခဲ့ရတဲ့ နှစ်ဘက် မိသားစုတွေ ခဏတာ ပြန်လည်ဆုံတွေ့ခွင့် ပေးတဲ့ အစီအစဉ်ကိုလည်း ရှေ့လထဲမှာ ပြန်လည် စတင်နိုင်အောင် သီးခြား ဆွေးနွေးမှုတွေ လုပ်သွားဖို့ တောင်ကိုရီးယားအစိုးရက ကမ်းလှမ်းထားတဲ့အပေါ်မှာ မြောက်ကိုရီးယားဘက်က တရားဝင် တုံ့ပြန်တာ မရှိသေးပါဘူး။

ဒါကြောင့် လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားတဲ့ ကိုရီးယားနှစ်နိုင်ငံနယ်စပ်က Panmunjom စစ်မဲ့ဇုံမှာ ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့ ဆွေးနွေးပွဲတွေ လုပ်သွားဖို့ဆိုတဲ့ တောင်ကိုရီးယားရဲ့ ကနဦး ကမ်းလှမ်းချက် ဖြစ်လာဖို့ မလွယ်တဲ့အကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုတွေ လျှော့ချပြီး စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုတွေ ပြန်လည် စတင်နိုင်ရေးဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အရေးတကြီး ဆောင်ရွက်ရမယ့်ကိစ္စတွေ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တကယ်လို့ ဒီကမ်းလှမ်းချက် အကောင်အထည် ဖော်နိုင်မယ် ဆိုရင်တော့ ဒါဟာ ကိုရီးယား နှစ်နိုင်ငံကြား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကစလို့ ရပ်ဆိုင်းနေခဲ့တဲ့ ဆွေးနွေးပွဲတွေကို ပြန်စနိုင်တာ ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်ကစလို့ မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို တိုးမြင့် လုပ်ဆောင်လာခဲ့တာ ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ဆိုးရွားလာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG