သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်မြောက် စစ်ဖက်ဆွေးနွေးဖို့ တောင်ကိုရီးယားကမ်းလှမ်း


တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ နယ်စပ်မှာ တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်တဲ့ စစ်ဘက်ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ တောင်ကိုရီးယားက မြောက်ကိုရိးယားနိုင်ငံကို ဒီကနေ့ တနင်္လာနေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။

တောင်ကိုရီးယားစစ်တပ်အနေနဲ့ ၂ နိုင်ငံနယ်စပ်က Panmunjon စခန်းမှာ လာမယ့် သောကြာနေ့ကျရင် မြောက်ကိုရီးယားစစ်တပ်နဲ့ ဆွေးနွေးချင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဘက်ကတော့ ချက်ချင်းတော့ တုံ့ပြန်ခြင်းမရှိသေးပါဘူး။ တကယ်လို့ ဒီဆွေးနွေးမှုဖြစ်ခဲ့မယ်ဆိုရင်တော့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလာ နောက်ပိုင်း ကိုရီးယား ၂ နိုင်ငံကြားမှာ ပထမဆုံးအကြိမ် ဆွေးနွေးပြောဆိုမှု ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ မတ်လက သမ္မတဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကလည်း မြောက်ကိုရီးယားအစိုးရနဲ့ စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့အတွက် အကြံပေးထားပါတယ်။

တနင်္လာနေ့က နောက်ထပ်သီးခြားဖြစ်စဉ်တခုမှာတော့ ၊ ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာနေကြတဲ့ မိသားစုတွေ ပြန်လည် ပေါင်းစည်းရေး ဆက်လုပ်သွားဖို့ကိစ္စကို ဆွေးနွေးဖို့အတွက် တောင်ကိုရီးယားကြက်ခြေနီအဖွဲ့က မြောက်ကိုရီးယားနဲ့ လာမယ့် သြဂုတ်လ ၁ ရက်နေ့ကျရင် Panmunjon စခန်းမှာ ဆွေးနွေးချင်တယ်လို့ အဆိုပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG