သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာသမ္မတ ရွေးကောက်ပွဲရလဒ် ကင်ညာတရားရုံးချုပ်ပယ်ဖျက်


ကင်ညာနိုင်ငံမှာ သမ္မတ Uhuru Kenyatta အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ
ကင်ညာနိုင်ငံမှာ သမ္မတ Uhuru Kenyatta အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ

ကင်ညာသမ္မတ Uhuru Keyatta က - ပြီးခဲ့တဲ့လက သူအနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို တရားရုံးချုပ်က ပယ်ဖျက်ခဲ့တဲ့ဆုံးဖြတ်ချက်ကို သူ့အနေနဲ့ လက်ခံသွားမှာဖြစ် တယ်လို့ သောကြာနေ့မှာ ပြောလိုက်ပါတယ်။ တရားရုံးချုပ်ရဲ့ ဒီဆုံးဖြတ်ချက်ကို သူ့တဦးတစ်ယောက်တည်းအနေနဲ့ သဘောမတူပေမယ့် ဆုံးဖြတ်ချက်ကိုတော့ လက်ခံတယ်လို့ ပြောပါတယ်။

ဒီဆုံးဖြတ်ချက်အပေါ်မှာ သူ့အနေနဲ့ လက်ခံသွားမှာဖြစ်ပေမယ့်၊ လူ ၆ ယောက်က၊ တနိုင်ငံလုံးက ပြည်သူတွေရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ မစ္စတာ ကန်ညက်တာက ဝေဖန်လိုက်ပါတယ်။

ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေ နဲ့ တရားမဝင်မှုတွေကို ရွေးကောက်ပွဲ ကျင်းပရေးဘုတ်အဖွဲ့က ကျူးလွန်ခဲ့တာကြောင့် ၊ ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ၊ ကင်ညာရွေးကောက်ပွဲရလဒ်ကို တရားရုံးချုပ်က ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

အတိုက်အခံခေါင်းဆောင် Raila Odinga က ပြီးခဲ့တဲ့ သြဂုတ်လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးဖို့ တရားရုံးချုပ်ကို တရားဝင်လျှောက်ထားခဲ့တာဖြစ်ပါတယ်။ သူ့ အနေနဲ့ မစ္စတာ Kenyatta ကို မဲအရေအတွက် ၁.၄ သန်းနဲ့ ရှုံးတယ်ဆိုတဲ့ မဲစာရင်းရလဒ်ဟာ မှားယွင်တယ်လို့ Odinga ကက ပြောပါတယ်။

ကင်ညာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ အခုချိန်ကစပြီး ရွေးကောက်ပွဲအသစ်တွေကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပသွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အတိုက်အခံညွှန့်ပေါင်းအဖွဲ့ NASA ကတော့ ရွေးကောက်ပွဲ မဲပေးတဲ့စနစ်ဟာ ခိုးဝင်ဖောက်ထွင်းခံလိုက်ရတယ်လို့ ရွေးကောက်ပွဲနေ့ကတည်းက ပြောခဲ့တာဖြစ်ပါတယ်။

ကင်ညာအစိုးရက ရွေးကောက်ပွဲအတွက် အမေရိကန်ဒေါ်လာ ၄၈၃ သန်း ခွဲဝေသုံးစွဲခဲ့ဖို့ သတ်မှတ်ခဲ့ပြီး၊ အဲဒီထဲကမှ IEBC လို့ခေါ်တဲ့ ကင်ညာရွေးကောက်ပွဲကော်မရှင်ကို ၄၁၅ သန်း ခွဲဝေပေးခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ် ကင်ညာတရားရုံးချုပ်ပယ်ဖျက်မှု ကင်ညာသမ္မတ လက်ခံ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

ကင်ညာသမ္မတ ရွေးကောက်ပွဲရလဒ် ကင်ညာတရားရုံးချုပ်ပယ်ဖျက်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG