သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာမဲအချက်အလက်များ ခိုးယူဖို့ ကြိုးပမ်းခံရ


Kenyan ဆန္ဒမဲ
Kenyan ဆန္ဒမဲ

အင်္ဂါနေ့က ကျင်းပတဲ့ ကင်ညာ သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် သတင်းတပတ် အလိုက မဲပေးစနစ် ကွန်ပြူတာတွေကို အချက်အလက် ဖောက်ထွင်းယူဖို့ ကြိုးစားမှုတွေ ရှိခဲ့ပေမယ့် အောင်မြင်မှုတော့ မရခဲ့ဘူးလို့ ကင်ညာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ဒီကနေ့ ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။

ချိုးဖောက် ဝင်ရောက်ဖို့ ကြံစည်ခဲ့ပေမယ့် အထမမြောက်ခဲ့ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ Wafula Chebukati က မြို့တော် နိုင်ရိုဘီမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

ရွေးကောက်ပွဲမှာ မမှန်မကန်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ နောက် လူ ၇ ဦး သေဆုံးခဲ့ရတဲ့ ရွေးကောက်ပွဲ ဆန္ဒပြပွဲတွေ ကြားကဘဲ ကင်ညာ ပြည်သူတွေကတော့ ရွေးကောက်ပွဲ အပြီးသတ် ရလဒ်တွေကို စိတ်လှုပ်ရှားစွာ ဆက်ပြီး စောင့်ကြည့်နေကြပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ နိုင်ငံတဝန်းက မဲရုံတွေရဲ့ ၉၆ ရာခိုင်နှုန်းကို ရေတွက်အပြီး သမ္မတ Uhuru Kenyatta က မဲရလဒ် ၅၄ ရာခိုင်နှုန်းကို ရရှိထားပြီး ၄၄ ရာခိုင်နှုန်း ရထားတဲ့ အတိုက်အခံ ခေါင်းဆောင် Raila Odinga ထက် အသာစီးရနေတယ်လို့ ကင်ညာ ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုပါတယ်။ Odinga ရဲ့ စွပ်စွဲ ပြောဆိုချက် ထွက်ပေါ်လာပြီးနောက်မှာတော့ နိုင်ရိုဘီမြို့တော်က နေရာတချို့၊ အနောက်ပိုင်းက Kisumu မြို့နဲ့ တာနာ မြစ်ဝှမ်း ဒေသတို့မှာ ဆန္ဒပြမှုလေးတွေ ဖြစ်ခဲ့ပြီး ရဲတွေနဲ့ ထိပ်တိုက်တွေ့တာကြောင့် ၄ ဦး သေဆုံးခဲ့ရပါတယ်။

ကင်ညာမဲအချက်အလက်များ ခိုးယူဖို့ ကြိုးပမ်းခံရ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG