သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mexico ငလျင် သေဆုံးသူ ၆၀ ခန့်


မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ ကြာသပတေးနေ့ညက ငလျင်ကြီးလှုပ်ခတ် (စက်တင်ဘာ ၈-၂၀၁၇)
မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ ကြာသပတေးနေ့ညက ငလျင်ကြီးလှုပ်ခတ် (စက်တင်ဘာ ၈-၂၀၁၇)

မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ ကြာသပတေးနေ့ညက ငလျင်ကြီးလှုပ်ခတ်တာကြောင့် သေဆုံးသူ ၅၈ ယောက်ထိ ရှိသွားပြီလို့ Oaxaca ပြည်နယ်အုပ်ချုပ်ရေးမှူးက သောကြာနေ့မှာပြောပါတယ်။

သေဆုံးသူထဲက ၁၇ ယောက်ဟာ မက္ကဆီကို အရှေ့တောင်ဘက်စွန်းနားမှာရှိတဲ့ Juchitan မြို့မှာ သေဆုံးသူတွေ ဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Alejandro Murat က သတင်းထောက်တွေကို ပြောပါတယ်။ ြမို့ဟာ အတော်ထိခိုက်သွား ပြီး လမ်းတွေပေါ်မှာ အပျက်အစီးတွေနဲ့ ပြည့်နေပါတယ်။ Juchitan မြို့တော်ခန်းမ အဆောက်အဦးရဲ့ အစိတ်အပိုင်းအများစုဟာ အပျက်အစီးပုံတွေ ဖြစ်သွားပါတယ်။

နောက်ထပ် သတင်းအချက်အလက်တွေ ဝင်လာတာနဲ့အမျှ သေဆုံးသူအရေအတွက် ဆက်ပြီးတိုးနိုင်ခြေရှိတယ်လို့ တာဝန်ရှိသူ တွေကပြောပါတယ်။

၈.၂ ပြင်းအားရှိတဲ့ ငလျင်ဟာ မက္ကဆီကိုနိုင်ငံ၊ Tonala မြို့နဲ့ ကီလိုမီတာ ၁၀၀ လောက်အကွာ တောင်ဘက်လှမ်းလှမ်း ပစိဖိတ်ကမ်းရိုးတန်းမှာ ကြာသပတေး ညသန်းခေါင်မတိုင်ခင် လှုပ်သွားတာပါ။ ဒီငလျင်ဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း မက္ကဆီကိုမှာလှုပ်ခတ်တဲ့ အကြီးမားဆုံးငလျင်ဖြစ်တယ်လို့ မက္ကဆီကိုသမ္မတကပြောပါတယ်။

ငလျင်ကြောင့် Chiapas ပြည်နယ်တောင်ပိုင်းမှာ အိမ်တွေပြိုကျသွားပြီး ၁၉၈၅ ခုနှစ်က လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ငလျင်ထက် အခုငလျင်က ပိုအားပြင်းတယ်လို့ မက္ကဆီကိုသမ္မတ Enrique Pena Nieto က သောကြာနေ့မှာပြောပါတယ်။

XS
SM
MD
LG