သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲ အားလုံးပါဝင်ရေး ဆွေးနွေးခဲ့ကြောင်း RCSS/SSA သတင်းစာရှင်းလင်း


ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဗိုလ်ချုပ်ကြီးရွက်ဆစ်ရဲ့ သတင်းစာရှင်းလင်းပွဲ။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဗိုလ်ချုပ်ကြီးရွက်ဆစ်ရဲ့ သတင်းစာရှင်းလင်းပွဲ။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အနေနဲ့ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ဖို့ တောင်ကြီးမြို့မှာ တောင်းဆိုထားပေမယ့်လည်း အစိုးရ ၊ တပ်မတော်အနေနဲ့ လင်းခေးနဲ့မိုင်းပန်တို့မှာသာခွင့်ပြုထားခဲ့ပါတယ်။ ပြည်သူလူထု သွားလာရေး ခက်ခဲတဲ့ အကြောင်းပြချက်နဲ့ တောင်ကြီးမြို့မှာကျင်းပခွင့်ပြုလုပ်ခွင့် တောင်းဆိုထားတာပါ။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို တောင်းကြီးမြို့မှာ ကျင်းပခွင့်မရတဲ့ အကြောင်းပြချက်ကို အစိုးရကိုမေးမြန်းခဲ့ပေမယ့်လည်း ပြည့်ဝတဲ့ အကြောင်းပြချက်တော့မရရှိခဲ့ဘူးလို့ RCSS/SSAရဲ့ ဗိုလ်ချုပ်ကြီးရွက်ဆစ်က ဆက်ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဗိုလ်ချုပ်ကြီးရွက်ဆစ်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့လည်းတွေ့ဆုံခဲ့ပြီးတော့ အမြင်သဘောထားမတူညီတာတွေ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေး၊ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ RCSS/SSAရဲ့ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာပြောကြားခဲ့ပါတယ်။

RCSS/SSA အဖွဲ့ဟာ ၂၀၁၂ ခုနှစ်မှာ ပြည်နယ်အဆင့်ရော ပြည်ထောင်စုအဆင့်နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် NCA ကိုလည်း လက်မှတ် ရေးထိုးထားတဲ့ လက်နက်ကိုင် (၈)ဖွဲ့ထဲ တစ်ဖွဲ့အပါအဝင်ဖြစ်ပါတယ်။

XS
SM
MD
LG