ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ ပတ်သက်ပြီး သတင်းမှားတွေ ပျံ့နှံ့နေကြောင်း မြန်မာအစိုးရက ပြောဆိုထားပေမယ့် အဲဒီဒေသကို သွားရောက်ဖို့ ကန့်သတ်ခံထားရတာကြောင့် သတင်းမီဒီယာတွေအနေ ဘက်စုံထောင့်စုံက တင်ပြဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ရခိုင်ဒေသကနေ Steve Sandford သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။