သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်မှာ Uber အငှားယာဉ် လိုင်စင်သက်တမ်း တိုးတော့မည်မဟုတ်


Uber- London
Uber- London

လန်ဒန်သယ်ယူပို့ဆောင်ရေးအရာရှိတွေက မြို့ထဲမှာ Uber လိုင်စင် သက်တမ်း ထပ်မတိုးပေးတော့ဘူးလို့ ထုတ်ပြောလိုက်ပါတယ်။ အခုလို တက္ကစီသက်တမ်းကို ထပ်မတိုးပေးရတာက Uber တက္ကစီကုမ္ပဏီအနေနဲ့ ပုဂ္ဂလိကလိုင်စင်ယူဖို့ အင်တာနက် App လုံခြုံရေးဆိုင်ရာ ကုမ္ပဏီရဲ့ တာဝန်ခံမှု မရှိတာကြောင့်ဖြစ်တယ်လို့ အရာရှိတွေက ထုတ်ပြောလိုက်ပါတယ်။

TfL ( Transport for London ) လို့အတိုကောက်ခေါ်တဲ့ လန်ဒန် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ စည်းကမ်းသတ်မှတ်ရေးအဖွဲ့က Uber လန်ဒန်ကုမ္ပဏီအနေနဲ့ မြို့ထဲမှာ လုပ်ငန်းလုပ်ဖို့ မသင့်တော်တော့ဘူးလို့ မနေ့သောကြာနေ့က ဆိုလိုက်ပါတယ်။ ဒီ Uber ကုမ္ပဏီရဲ့ လုပ်ကိုင်ဆောင်ရွက်နေပုံတွေဟာ ကုမ္ပဏီဆိုင်ရာ တာဝန်ယူမှုတွေ ကင်းလွတ်နေပြီး ဒီအထဲမှာ အများပြည်သူလုံခြုံရေးနဲ့ အန္တရာယ်ကင်းရှင်းရေးအတွက် အာမခံ မပေးနိုင်တာတွေပါနေတယ်လို့ ဒီအဖွဲ့က ထုတ်ပြောလိုက်ပါတယ်။

ဒီပြသနာတွေထဲ Uber က သုံးတဲ့ အင်တာနက် App မှာ ရာဇဝတ်မှုတွေကို သတင်းပို့တဲ့ နည်းစနစ် အားနည်းချက်နဲ့ “greyball” technology သုံးရာမှာ စည်းကမ်းစောင့်ထိန်းရေး အရာရှိတွေအနေနဲ့ ဖွင့်ကြည့်လို့မရအောင် ပိတ်ပင်ထားတာတွေ ပါရှိလို့ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG