သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နတ်ရွာစံထိုင်းဘုရင် နှစ်ပတ်လည်အောက်မေ့ပွဲ မြန်မာအလုပ်သမားတွေဆင်နွှဲ


နတ်ရွာစံထိုင်းဘုရင် အောက်မေ့ဂါရဝပြုပွဲ။
နတ်ရွာစံထိုင်းဘုရင် အောက်မေ့ဂါရဝပြုပွဲ။

ကမ္ဘာမှာ နန်းသက်အရှည်ဆုံး ဖြစ်ခဲ့တဲ့ ထိုင်းဘုရင် ဘူမိဘော အဒူယာဒက် နတ်ရွာစံခဲ့တာ တနှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံတဝှမ်းမှာ အောက်မေ့ပွဲ အခန်းအနားတွေ ကျင်းပနေကြပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာလည်း ထိုင်းဘုရင်နတ်ရွာစံတဲ့ နှစ်ပတ်လည် အထိမ်းအမှတ် ဆုတောင်းဂါရဝပြုပွဲတွေ ကျင်းပနေကြတာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ ကသတင်းပေးပို့ ထားပါတယ်။

ထိုင်းဘုရင်မင်းမြတ်ဟာ ပြီးခဲတဲ့နှစ် အောက်တိုဘာလ ၁၃ရက်နေ့ဒေသစံတော်ချိန် ညနေ ၃နာရီ ၅၂မှာ နတ်ရွာစံသွားခဲ့တာ ဖြစ်ပါတယ်။ သူနတ်ရွာစံတဲ့ တနှစ်ပြည့် ဂါရဝပြုပွဲတွေ ကိုတော့ တနှစ်ကြာမှာပြုလုပ်မှာဖြစ်တာကြောင့် ထိုင်းနိုင်ငံတဝှမ်းလုံး မှာအောက်တို ဘာလ ၁၃ရက်နေ့ကစတင်ပြီး ပြုလုပ်နေပြိဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြိုနဲ့ အနီးတဝိုက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်တဲ့နေရာ အတော်များများကဘုရားကျောင်းကန်တွေမှာ ဆုတောင်းပွဲတွေ ဂါရဝပြုပွဲတွေ စတင်လုပ်ဆောင်နေပြိဖြစ်ကြောင်း ရွေပြောင်းအလုပ်သမားအခွင့်ရေး ကွန်ယက်ရဲ့ဒုဥက္ကဋ္ဌ ဦးအောင်ကျော်ကဆိုပါတယ်။

"ဘုရင်မင်းမြတ်ကြီး နတ်ရွာစံတဲ့တနှစ်ပြည့်တဲ့နေ့ဖြစ်တဲ့အတွက်တချို့စက်ရုံအလုပ်ရုံတွေ ပိတ်တယ် တချိုစက်ရုံတွေကတော့ မပိတ်သေးဘူး ပိတ်ထားတဲ့ အလုပ်ရုံတွေကတော့ မိမိတို့နဲ့ နီးစပ်ရာဘုရားကျောင်းကန်တွေမှာ ဆုတောင်းမေတ္တာပို့တာတွေ တနိုင်တပိုင် လုပ်ပါတယ် ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်း အလုပ်သမား အတော်များများက ၉ဆက်မြောက် ဘုရင်ကြိးဘူမိဘောကို အတော်ချစ်မြတ်နိုးတဲ့အတွက် လုပ်ရခြင်းဖြစ်ပါတယ်"

လာမယ့်တနင်္ဂနွေမှာတော့ အလုပ်သမားတွေ အလုပ်ပိတ်ရက်ဖြစ်တာကြောင့် မဟာချိုင်ဒေသမှာ အခမ်းအနားနဲ့ဂါရဝပြုပွဲကို သေချာ ကျင်းပမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်

ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ရွှေ့ပြောင်းစာသင်ကျောင်း ရဝလောက်မှာတော့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဘုရင်ကြိးပုံတွေကိုချိတ်ဆွဲထားပြိး ပန်းအဝါရောင်တွေစိုက်ပျိုးပြိး ဂါရဝပြုပူဇော်မူတွေလည်းလုပ်ထားကြပါတယ်။ ကျောင်းသူကျောင်းသားများ အားလုံးကတော့ တနှစ်ပတ်လုံးလိုလို ကျောင်းဝတ်စုံတွေမှာ အမဲရောင်ဖဲကြိုးလေးတွေ တပ်ဆင်ထားပါတယ် ဒါအပြင် ဘုန်းတော်ကြီးကျောင်းတွေမှာလည်း ကုသိုလ်ကောင်းမူတွေကို အောက်တိုဘာလ၁၃ရက်နေ့ စနေက စတင်ပြိး လုပ်ဆောင်နေကြပါတယ်။

ရွှေ့ပြောင်းဆရာဆရာမများအစည်းအရုံးက တာဝန်ရှိသူဖြစ်တဲ့ ဆရာကြီးမန်းရွှေနှင်း ကတော့ ဘုရင်မင်းမြတ်ကြီးကြောင့်ဆယ်စုနှစ် ၃ခုနီးပါ ထိုင်းနိုင်ငံထဲမှာ ခိုလှုံခွင့်ရကြတာတွေ ရွှေ့ပြောင်းကလေးတွေ အတွက် လုံခြုံရေးအတွက် အထောက်အထား လက်မှတ်တွေလုပ်ပေးတာတွေ ပညာရေးကျန်းမာရေးဆိုင်ရာ အခွင့်အလန်းတွေကို ထိုင်းကလေးတွေနည်းတူ ရယူခံစားနိုင်ဖို့အတွက် လူသားချင်စာနာမူတွေကို ဘုရင်မင်းမြတ်ကြီးက လုပ်ဆောင်ပေးခဲ့တယ်လို့ ယူဆတဲ့အကြောင်းအခုလိုပြောပါတယ်။

"မြန်မာနိုင်ငံသားတွေအပေါ်မှာ ဘုရင်ကြီးအနေနဲ့ တော်တော်လေး ကောင်းကောင်းမွန်မွန် လက်ခံခဲ့တယ် သူတိုင်းပြည်သူတွေကလည်း ပူးပေါင်းပါဝင်တာမျိုးတွေ ဘုရင်ကြီး ချမှတ်ထားတဲ့ အဆိုအမိန့်တွေကိုနာခံပြိးတော့ ရိုသေလေးစားပြိးတော့ ကျနော်တို့ကိုကောင်းကောင်းမွန် ထားတာ လက်ခံမူတွေ ရှိခဲ့တယ် ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေ နေရေးထိုင်ရေး သွားလာရေး ကျန်းမာရေးကအစ အစိုးရ ဘက်ကလက်ခံခဲ့တာတွေဟာ ဘုရင်ကြီးရဲ့လမ်းညွန်ချက်တွေကြောင့်လို့ ကျနော်ထင်ပါတယ်။"

နတ်ရွာစံခဲ့တဲ့ ဘုရင်ကြီးဘူမိဘောအနေနဲ့ထိုင်းအစိုးရကိုကော သူတို့တိုင်းသူပြည်သား ကိုပါ လူသားအချင်းချင်းမေတ္တာတွေထားအောင် လမ်းညွန်ပေးခဲ့တာတွေ လုပ်ပေးခဲ့တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကဆိုပါတယ်။

နတ်ရွာစံချိန်သက်တော် ၈၉ နှစ်ရှိခဲ့ပြီဖြစ်တဲ့ ဘုရင်ကြီးဟာ ၁၉၄၆ ခုနှစ်မှာ ထီးနန်း စတင် စိုးစံခဲ့တာပါ။ ထိုင်းနိုင်ငံမှာတော့ ဒေသဖွံဖြိုးရေး လုပ်ငန်းတွေကို အားစိုက်လုပ်ခဲ့ပြီး ကျေးရွာတွေအထိ လမ်းတွေပေါက်နေတာ ရေနဲ့ လျပ်စစ်မီးတွေရနေတာ ဆက်သွယ်ရေး လမ်းပမ်စံနစ်တွေ အခက်အခဲမရှိအောင် လုပ်ဆောင်ပေးခဲ့ တာတွေကြောင့် ပြည်သူအများရဲ့ ချစ်ခင်မူကိုရရှိခဲ့တဲ့ ဘုရင်မင်းမြတ် တပါးဖြစ်ပါတယ်။ ဒီအတွက်ဂါရဝပြုပွဲတွေကို ထိုင်းနိုင်ငံ တဝှမ်းလုံးမှာ ဝမ်းနည်းမူတွေနဲ့ ထူးထူးခြားခြား ကျင်းပတာတွေ လုပ်သွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG