သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုကြည်ညိုတဲ့ ထိုင်းဘုရင်ဘဝ တစေ့တစောင်း


ကမ္ဘာမှာ နန်းသက်အရှည်ဆုံး ထိုင်းဘုရင် Bhumibol Adulyadej ဟာ ဒီကနေ့ကွယ်လွန်သွားပါပြီ။ အသက် ၈၈ နှစ်ရှိပြီး နန်းသက်အနှစ် ၇၀ ကြာ ထိုင်းနိုင်ငံရဲ့ ဘုရင်မင်းမြတ်တပါးအဖြစ် အများပြည်သူရဲ့ ချစ်ခင်၊ ကြည်ညိုလေးစားခြင်းခံရသူဖြစ်ပါတယ်။ နိုင်ငံအတွက် စည်းလုံးညီညွတ်ခြင်း၊ တည်ငြိမ်စေခြင်းနဲ့ ရိုးရာအစဉ်အလာကို ထိန်းသိမ်းသူဘုရင်တပါးအဖြစ် စံပြ ဖြစ်အောင်ရပ်တည်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသမားတွေနဲ့ စစ်တပ်က အတိုက်အခံတွေကိုနှိပ်ကွပ်ဖို့ ဘုရင်ကြီးရဲ့ သြဇာကို အသုံးချတာတွေလည်းရှိပါတယ်။ အာရှနိုင်ငံတွေထဲမှာ သြဇာအရှိဆုံးခေါင်းဆောင်တွေထဲကတယောက်ဖြစ်တဲ့ ထိုင်းဘုရင်ရဲ့ ဘဝအကြောင်း တစေ့တစောင်းကို VOA သတင်းထောက် Daniel Shearf က သတင်းပေးပို့ထားပါတယ်။ ကိုရန်နိုင်ကပြောပြပေးမှာပါ။

ထိုင်းနိုင်ငံသားအများအပြားဟာ ထိုင်းဘုရင်မင်းမြတ်ကြီးကို ကြည်ညိုလေးစားကြပြီး၊ ဘုရားလိုကိုးကွယ်ကြတာဖြစ်ပါတယ်။ ထိုင်းဘုရင်မင်းမြတ်ရဲ့ အလှူဒါနရက်ရောပြီးတော့ အမြဲတမ်းနှိမ်ချပြောဆိုလေ့ရှိတဲ့ ပုံရိပ်က သူရဲ့အားထားလို့ရတဲ့ ဘုရင်တဦးဆိုတာကို ပြသနေပါတယ်။

ထိုင်းနိုင်ငံက သက်ဦးဆံပိုင်ဘုရင်စနစ်ကိုစွန့်လွှတ်ပြီးတဲ့နောက် ၊ အရပ်သားဒီမိုကရေစီအစိုးရနဲ့ စစ်တပ်အုပ်ချုပ်မှုကာလတွေတလျှောက် ထိုင်းဘုရင်မင်းကြီးဟာ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့အချိန်တွေမှာ ထိုင်းနိုင်ငံကို တည်ငြိမ်အောင်လုပ်ပေးနိုင်တဲ့သူအဖြစ် ထောက်ခံသူတွေကတော့ ဖော်ပြကြပါတယ်။

၁၉၉၂ ခုနှစ်က ထိုင်းစစ်တပ်နဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကြား ၄ ရက်ကြာ အကြမ်းဖက်မှုတွေဖြစ်ခဲ့ပြီးခဲ့တဲ့ ၊ ထိုင်းဘုရင်ကြီးက ၂ ဘက်ခေါင်းဆောင်တွေကိုခေါ်ယူပြီး၊ ရပ်တန့်ကြဖို့ ထိုင်းအစိုးရရုပ်သံကနေ တောင်းဆိုခဲ့ပါတယ်။

၂၀၀၆ ခုနှစ်တုန်းကလည်း ၊ ထိုင်းစစ်တပ်က သက်ဆင်ရှင်နဝပ်အစိုးရကို အဂတိလိုက်စားမှုစွဲချက်တွေနဲ့ ဖြုတ်ချပြီးတဲ့နောက် ၊ သူက ထိုင်းနိုင်ငံသားတွေကို ညီညွတ်ကြဖို့တောင်းဆိုခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး၊ ထိုင်းနိုင်ငံရေးမှာ ဘုရင်စနစ်ကို ထောက်ခံတဲ့ ထိုင်းစစ်တပ်နဲ့ မြို့နေအခွင့်ထူးခံလူတန်းစားတွေ နဲ့ အရင် ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံတဲ့ အခြေခံလူတန်းစားတွေနဲ့ လယ်သမားတွေကြားမှာ အဆင်မပြေမှုတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဘုရင်စနစ်ကိုစော်ကားတဲ့သူတွေကို အရေးယူတဲ့ အငြင်းပွားစရာ Lese Majeste ဥပဒေကို ပြဌာန်းခဲ့ပြီး၊ အဲဒီဥပဒေကို သုံးပြီးတော့ နိုင်ငံရေးအတိုက်အခံတွေ နဲ့ ဝေဖန်သူတွေကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ပြီး ဖိနှိပ်မှုတွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘုရင်စနစ်အပေါ်မှာ ထိုင်းနိုင်ငံသားအများစုက ထောက်ခံနေတုန်းပဲဖြစ်ပြီး၊ သူ့ရဲ့ အသက် ၈၅ နှစ်ပြည့်မွေ့နေ့မှာလည်း ဘုရင်ကြီးအပေါ်မှာ ထောက်ခံတယ်ဆိုတာကို ပြသခဲ့ကြပါတယ်။

"ကျနော်တို့ ထိုင်းနိုင်ငံသားတွေအနေနဲ့ နှလုံးသားထဲမှာ အခုလို သဟဇာတဖြစ်မှုကို ဆက်ပြီးတော့ ကိုင်ဆွဲသွားမယ်ဆိုရင်၊ ကျနော်တို့ နိုင်ငံအနေနဲ့ ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ်၊ ဘေးကင်းလုံခြုံစွာ နဲ့ ဆက်လက်ရပ်တည်နိုင်ပြီး၊ တည်ငြိမ်မှုကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်မှာဖြစ်သလို၊ အတားအဆီးအခက်အခဲတွေကိုလည်း ကျော်လွှားနိုင်မှာဖို့ မျှော်လင့်ချက်ရှိပါတယ်။"

ထိုင်းဘုရင်ကြီးကို ထောက်ခံသူတွေရဲ့ ယုံကြည်ချက်နဲ့ မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး ထိုင်းဘုရင်စနစ်ကိုထောက်ခံတဲ့ ထိုင်းနိုင်ငံသား Krittika Phiwkliang ကလည်း အခုလို ပြောပါတယ်။

"အရင်တုန်းကပဲဖြစ်ဖြစ်၊ အခုအခါမှာပဲဖြစ်ဖြစ် ကျမတို့မှာ ပြဿနာတွေရှိကောင်းရှိနိုင်ပြီး အရောင်တွေ အမျိုးမျိုးကွဲပြားနေပေမယ့်လည်း ၊ သူကတော့ ထိုင်းနိုင်ငံသားအားလုံးရဲ့ နှလုံးသားတွေကို ပေါင်းစည်းညီညွတ်စေတဲ့ တဦးတည်းသောသူဖြစ်ပါတယ်။"

ထိုင်းနိုင်ငံသားအားလုံးကို ပေါင်းစည်းစေနိုင်ပြီး၊ ထိုင်းပြည်သူတွေအားလုံးရဲ့ ကြည်ညိုလေးစားမှုကို ရယူနိုင်ခဲ့တဲ့ ထိုင်းဘုရင်ကြီးဟာ ၂၀၀၉ ခုနှစ်က စတင်ပြီးတော့ ကျန်းမာရေးချို့ယွင်းလာနေပြီး၊ ပင်ပမ်းနွမ်းနယ်တဲ့ဒဏ်၊ အဆုတ်ဝေဒနာ၊ ဦးနှောက်မှာ အသေးစားသွေးယိုစိမ့်တာ စတဲ့ရောဂါတွေကြောင့် သူဟာ ဆေးရုံတက်ကုသနေရတဲ့အချိန်က ပိုများလာခဲ့ပါတယ်။

ထိုင်းဘုရင်ကြီး Bhumibol Adulyadej
please wait

No media source currently available

0:00 0:03:52 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG