သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင်မင်းမြတ် ကျန်းမာရေး အထူးစိုးရိမ်ရ


ထိုင်းဘုရင် ကျန်းမာရေး အလွန်စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေတာမို့ ထိုင်းပြည်သူပြည်သားတွေကြားမှာ စိုးရိမ်မှုတွေများလာနေပြီး ဆုတောင်းပွဲတွေ ဆက်တိုက် ပြုလုပ်နေကြပါတယ်။

သက်တော် ၈၈ နှစ်ရှိ ကမ္ဘာ့ သက်တော်အရှည်ဆုံး ဘုရင်ကြီး Bhumibol Adulyadej ကို တွေ့ဆုံဖို့ သားတော် နိုင်ငံခြားက ပြန်လာပြီး၊ သူတို့နဲ့ တွေ့ဖို့ ထိုင်းဝန်ကြီးချုပ်ကလည်း ပုံမှန်ခရီးစဉ်ကို ဖျက်ထားပတာကြောင့် ထိုင်းဘုရင် အလွန် ထိုင်းနိုင်ငံရေးအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီအကြောင်း ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

ထိုင်းနိုင်ငံရေး အကြပ်အတည်းကြုံတိုင်း ကြားဝင်ဖြေရှင်းပေးလေ့ရှိပြီး ထိုင်းပြည်သူအများက လေးစားကြည်ညိုမှုရထားတဲ့ ထိုင်းဘုရင် Bhumibol Adulyadej ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်လာရတာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ထဲကပါ။

လွန်ခဲ့တဲ့ အနှစ် ၇၀ ထဲက နန်းတက်လာခဲ့ပြီး ထိုင်းနိုင်ငံတည်ငြိမ်မှုနဲ့ ညီညွတ်မှုသင်္ကေတဖြစ်တဲ့ ဘုရင်ကြီးရဲ့ အခုနောက်ဆုံး အခြေအနေကတော့ ဆက်ဆိုးရွားနေတယ်လို့ ဘုရင့်နန်းတော်က သတင်း ဆက်တိုက်ထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ ၃ ရက်ကထဲက ဘုရင်ကြီး သွေးထဲက အညစ်အကြေးတွေကို သန့်စင်အပြီးမှာ ခုလို ဆက်ဆိုးလာတာကြောင့် ပုံမှန် နန်းတွင်းလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ အနီးကပ် ပြုစုနေတယ် ဆရာဝန်တွေက ညွန်ကြားထားပါတယ်။

ဒါကြောင့်မို့ မနေ့ ဗုဒ္ဓဟူးနေ့က ဘုရင်ကြီးတက်နေတဲ့ Siriraj ဆေးရုံရှေ့မှာ ဆုတောင်းပွဲလုပ်ရာမှာ ကျန်းမာရေး ကိုယ်စားပြု ပန်းရောင်နဲ့ ဘုရင့်အထိမ်းအမှတ် အဝါရောင် အများစု ဝတ်ဆင်ထားသူ ရာနဲ့ချီ တက်ခဲ့ပြီး၊ ဘုရင်ကြီး ကျန်းမာရေးပြန်ကောင်းလာဖို့ ဆုတောင်းခဲ့ကြပါတယ်။ ဆုတောင်းပွဲမှာ ဘုရင်ကြီး သက်ကျော်ရာကျော် ရှည်ပါစေလို့ ဆုတောင်းခဲ့ကြပါတယ်။

လူပေါင်း ၃၀၀ ကျော်တက်ရောက်တဲ့ ဒီ ဆုတောင်းပွဲထဲက ဆုတောင်းသူတစ်ဦးဖြစ်တဲ့ ဘန်ကောက်မြို့နေ အသက် ၆၀ အရွယ် Somchai Poopharkhan က

“ဒီနေ့မှာတောင် ဘုရင်ကြီ နေမကောင်းပေမဲ့ သူ့အမြဲခံယူထားတာက ဘုရင်ကြီးဟာ တိုင်းပြည်အတွက် တကယ့်ကို အလုပ်ကြိုးစားပမ်းစား လုပ်လာခဲ့တဲ့ ဘုရင် ဖြစ်တယ်”

ဘုရင့်နန်းတော်က တနင်္ဂနွေနေ့မှာ ထိုင်းဘုရင့် ကျန်းမာရေး ဆိုးရွားလာကြောင်း သတင်းထုတ်ပြန်အပြီး ၃ ရက်အကြာ မနေ့ကလည်း အခြေအနေ ဆက်ဆိုးရွားနေတယ်လို့ ထပ်ထုတ်ပြန်ချိန်မှာ ခုလို ဆုတောင်းပွဲတွေ ဖြစ်ပေါ်လာတာပါ။

ခုလိုအချိန်မှာ ဘုရင့်သားတော် Maha Vajiralongkorn ကလည်း ဂျာမနီခရီးစဉ်ကနေ အမြန်ပြန်လာပြီး ဘုရင်ကြီးကို ဗုဒ္ဓဟူးနေ့က သွားကြည့်ခဲ့ပါတယ်။ နောက် သမီးတော် ၃ ဦးလည်း ဒီ ဗုဒ္ဓဟူးနေ့မှာပဲ ဘုရင်ကြီးနဲ့ ရှိနေခဲ့ပါတယ်။

တချိန်ထဲမှာ ထိုင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း Prayuth Chan Ocha ကလည်း ပြန်ရောက်လာတဲ့ အိမ်ရှေ့မင်းသားကို ပုံမှန် အစိုးရလုပ်ဆောင်မှုတွေ တင်ပြဖို့ အရင်စီစဉ်ထားတဲ့ နိုင်ငံအရှေ့ပိုင်း Chunburi ပြည်နယ်ကို သွားမယ့်ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

တကယ်တော့ ထိုင်းဘုရင်ကြီးဟာ ဒီနှစ် နှစ်ဆန်း ဇန်နဝါရီ ၁၁ ရက်နေ့မှာ နန်းတော်သွားလည်ရင်း နောက်ဆုံး လူမြင်ကွင်း ထွက်ခဲ့ပါတယ်။ ထိုင်းဘုရင်ကြီး ကျန်းမာရေးအတွက် ဒီလအတွင်း ထုတ်ပြန်ချက် ၃ ခုရှိလာရာမှာလည်း အောက်တိုဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်တုန်းကတော့ ဘုရင်ကြီးဟာ အသက်ရှုလမ်းကြောင်း ပိုးဝင်တဲ့ရောဂါဖြစ်အပြီး နလန်ပြန်ထူလာတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG