သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေ ဥပဒေ ချိုးဖောက်မှု ရှိမရှိ တပ်မတော် စုံစမ်းစစ်ဆေး


ရခိုင်မှာ လုံခြုံရေး တာဝန်ယူထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ။
ရခိုင်မှာ လုံခြုံရေး တာဝန်ယူထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း စွပ်စွဲခံနေရတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ချက်တွေကို စုံစမ်းစစ်ဆေးနေကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောဆိုလိုက်ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ဆောင်ရွက်ရာမှာ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ဥပဒေနဲ့ ချိုးဖောက်ခဲ့မှု ရှိမရှိ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။

ရိုဟင်ဂျာမူဆလင်တွေကို အပြီးတိုင် မောင်းထုတ်ဖို့ အစိုးရလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စနစ်တကျ ဆောင်ရွက်ခဲ့တဲ့ အစီအစဉ် တစိတ်တပိုင်းဖြစ်ကြောင်း ကုလသမဂ္ဂက ဒီသီတင်းပတ်ထဲ စွပ်စွဲခဲ့ပြီးနောက်မှာပဲ အခုလို ပြောဆိုချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုကနေ အချက်အလက်အပြည့်အစုံရရှိပါက တရားဝင်သတင်းထုတ်ပြန်မှု ပြုလုပ်သွားမှာ ဖြစ်ကြောင်းလည်း ကာကွယ်ရေး ဦးစီးချုပ်ရုံး Facebook စာမျက်နှာက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG