သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးတုံးရှင်းလင်းမှု ကာချုပ်ငြင်းဆို


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးScot Marciel နဲ့ တွေ့ဆုံကြရာမှာ မြန်မာတပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် (Senior General Min Aung Hlaing)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးScot Marciel နဲ့ တွေ့ဆုံကြရာမှာ မြန်မာတပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် (Senior General Min Aung Hlaing)

မြန်မာစစ်တပ်က လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုတွေ ပြုလုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်ကို မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကြာသာပတေးနေ့ ပြတ်ပြတ်သားသားငြင်းဆိုလိုက်သလို အကြမ်းဖက်မှုတွေကနေ လွတ်မြောက်အောင် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အရေအတွက်ကို မီဒီယာတွေက ချဲ့ကားဖေါ်ပြနေကြတယ်လို့ လည်းပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel နဲ့ တွေ့ဆုံကြရာမှာ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မီဒီယာတွေဟာ ဒီဖြစ်ရပ်ကို မီးလောင်ရာလေပင့် သွေးထိုးလှုံ့ဆော်တာတွေ ဝါဒဖြန့်တာတွေလုပ်ကြံဖန်တီးနေကြတယ်လို့ အပြစ်ဖို့ ပြောဆိုလိုက်တဲ့ အကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ် လူမှုကွန်ယက်မှာ ဖေါ်ပြထားပါတယ်။

ချဲ့ကားတယ်လို့ ပြောရတဲ့နေရာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးကြတဲ့ ဘင်္ဂလီ အရေအတွက်ဟာ အလွန်ကြီးမားနေတယ်လို့ ပြောကြောင်း လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ ဒီလူတွေကို မြန်မာနိုင်ငံက တရားမဝင် ဝင်ရောက်နေထိုင်သူတွေလို့ သတ်မှတ်ထားတာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီးတော့လည်း ဗိုလ်ချုပ်မှုးကြီးက ကာကွယ်ပြောဆိုခဲ့သလို၊ လိုအပ်တဲ့အတိုင်းအတာလောက်သာ ပြုလုပ်ခဲ့တာဖြစ်ကြောင်းပြောဆိုပါတယ်။

ကုလသမဂ္ဂကတော့ သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း နယ်စပ်ကိုကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ၅ သိန်းကျော်ရှိတယ်လို့ ပြောဆိုထားပြီး ကြောက်မက်ဖွယ် အကြမ်းဖက်မှုတွေကနေ လွတ်မြောက်အောင် ထွက်ပြေးကြတာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG