သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Annan အစီရင်ခံစာ ရခိုင်ပြဿနာလမ်းပြမြေပုံ ဖြစ်သင့်


၂၀၁၆ ဒီဇင်ဘာတုန်းက ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်ဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
၂၀၁၆ ဒီဇင်ဘာတုန်းက ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်ဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်ဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန်ဟာ ရခိုင်ပြည်နယ်အခြေ အနေနဲ့ပတ်သက်ပြီး ကော်မရှင်ရဲ့တွေ့ရှိချက်တွေ၊ အကြံပေးချက်တွေနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၁၃ ရက်၊ သောကြာနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တင်ပြဖို့ရှိပါတယ်။

အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို ပြီးခဲ့တဲ့ သြဂုတ်လက အစိုးရကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ အစီရင်ခံစာပါ အဓိက အကြံပေးချက်တွေနဲ့ အကောင်အထည်ဖော်ရေးဆိုင်ရာတွေကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို မစ္စတာအာနန်က တင်ပြ မှာဖြစ်ပါတယ်။ မစ္စတာအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့အစီရင်ခံစာ ထွက်ပြီးပြီးချင်းမှာပဲ သြဂုတ်လ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ်က နယ်ခြားစောင့်ကင်းစခန်းတွေကို တိုက်ခိုက်ခံခဲ့ရတာပါ။

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မရှင်ရဲ့အစီရင်ခံစာကို လုပ်ငန်း လမ်းပြမြေပုံတခုအဖြစ် အသုံးပြုဖို့ မစ္စတာအာနန်က လုံခြုံရေးကောင်စီမှာ တိုက်တွန်းမှာဖြစ်ပါတယ်။ ဒါ့အပြင် လုံခြုံရေးပိုင်း စစ်ဆင်ရေးတွေကို အမြန်ဆုံး အဆုံး သတ်ဖို့၊ ဘေးဒဏ်သင့်လူထုအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ရေး ဆောင်ရွက်ဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ လိုအပ်တယ်ဆိုတာတွေကို မစ္စတာအာနန်က အလေးထားပြောဆိုမယ်လို့ ကိုဖီ အာနန် ဖောင်ဒေးရှင်း ဝက်ဘ်ဆိုက်မှာ အောက်တိုဘာလ ၁၂ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာအာနန်က လုံခြုံရေးကောင်စီကို တင်ပြတဲ့အစီအစဉ်ကို အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန် ညနေ ၃ နာရီ၊ မြန်မာ စံတော်ချိန် စနေနေ့မနက်အစော ၁ နာရီခွဲမှာ စတင်ပါမယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ အသိအမှတ်ပြုထားတဲ့ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေ ပါဝင် တက်ရောက်နိုင်မှာလဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG