သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုဖို့ Bangladesh တွန့်ဆုတ်


ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်မာျးကို ဘင်္ဂလားလုံခြုံရေးအဖွဲ့များမှ နေရာချပေးနေစဉ်။
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်မာျးကို ဘင်္ဂလားလုံခြုံရေးအဖွဲ့များမှ နေရာချပေးနေစဉ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်အခြေအနေတွေကြောင့် ထွက်ပြေးသွားပြီး လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေထိုင်နေကြသူ မွတ်စလင်တွေကို ရိုဟင်ဂျာလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက တရားဝင်မခေါ်သလို ဒုက္ခသည်တွေအဖြစ်လဲ မခေါ် ဘူးလို့ ဒုက္ခသည်ရေးရာ ကျွမ်းကျင်သူတဦးက ပြောပါတယ်။ သူတို့ကို ဘယ်လိုခေါ်မလဲဆိုတာနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အနေနဲ့လဲ လက်ခံနိုင်မယ့် အသုံးအနှုန်းမျိုးဖြစ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ကြိုးစားနေတဲ့တပြိုင်ထဲမှာပဲ ဒါနဲ့ပတ်သက်ပြီး ဘင်္ဂလား ဒေ့ရှ်အစိုးရရဲ့ ရပ်တည်ချက်ကလဲ သိပ်ကိုရှင်းပါတယ်လို့ လူဝင်မှုနဲ့ ဒုက္ခသည်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ကျွမ်းကျင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“သူတို့ကို အိုးအိမ်စွန့်ထွက်ပြေးဖို့ အတင်းအကျပ်ပြုမူခံရသူ မြန်မာနိုင်ငံသားတွေအဖြစ် ဘင်္ဂလားဒေ့ရှ်ကခေါ်ဆိုပါတယ်။ အဲဒီမှာလဲ မြန်မာနို်င်ငံရဲ့ ရပ်တည်ချက်နဲ့ ဆန့်ကျင်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့အဆိုအရ သူတို့ဟာ မြန်မာနိုင်ငံ သားတွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ အဲဒီလိုခေါ်ဝေါ်တာအရ သူတို့ကို ရိုဟင်ဂျာတွေအဖြစ် ဘင်္ဂလားဒေ့ရှ်က တရားမဝင်မသုံးတဲ့ သဘောပါပဲ။ ယေဘုယျအားဖြင့်တော့ အစိုးရတာဝန်ရှိသူတွေက အဲဒီလို သုံးစွဲခေါ်ဆိုကြပါတယ်။ ဒါပေမဲ့ လက်ရှိမှာ တရားဝင်ခေါ်ဆိုတဲ့ အသုံး အနှုန်းကတော့ အိုးအိမ်စွန့်ထွက်ပြေးလာရသူ မြန်မာနိုင်ငံသားတွေဆိုပြီး ဖြစ်ပါတယ်။” လို့ လူဝင်မှုနဲ့ ဒုက္ခသည်ရေးရာ ဘင်္ဂလား ဒေ့ရှ် ကျွမ်းကျင်သူတဦးဖြစ်တဲ့ Asif Munir က ဗွီအိုအေ၊ ဘင်္ဂါလီဘာသာဌာနနဲ့ ဆက်သွယ် မေးမြန်း ခန်းမှာ ပြောခဲ့ပါတယ်။

ဒါဟာ အတိုင်းအတာတခုအထိ ဘင်္ဂလားဒေ့ရှ်ဘက်က သံတမန်နည်းကျ လုပ်ဆောင်တာဖြစ်တယ်လို့လဲ ဆိုပါတယ်။ ဘင်္ဂလား ဒေ့ရှ်က ခိုလှုံခွင့်ပြုထားသူတွေကို အနေအထားတခုခု ပေးထားသလိုဖြစ်ပေမဲ့ သူတို့ဟာ မြန်မာနိုင်ငံကဖြစ်တယ်၊ အိုးအိမ်စွန့် ထွက်ပြေးဖို့ အတင်းအကျပ် ပြုမူခံရသူတွေဖြစ်တယ်၊ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်က ခိုလှုံခွင့် ဒါမှမဟုတ် နေထိုင်ဖို့ နေရာတခုနဲ့ တခြားအကူအညီတွေ ပေးထားတာပဲဖြစ်တယ်ဆိုတာကို ဘင်္ဂလားဒေ့ရှ်က ရှင်းရှင်းလင်းလင်း လုပ်ထားတာပါ၊ ဆိုတော့ သူတို့ကို ဒုက္ခသည်တွေအဖြစ် သတ်မှတ် ခေါ်ဆိုတာမျိုး မလုပ်ဘူးလို့ Asif Munir ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးသွားသူတွေကို သူ့နိုင်ငံထဲမှာ လက်ခံထားပေမဲ့ ဒုက္ခသည်ဆိုင်ရာ ၁၉၅၁ ခုနှစ် နိုင်ငံတကာသဘောတူစာချုပ်နဲ့ ၁၉၆၇ ခုနှစ် နောက်ဆက်တွဲ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတခု မဟုတ်ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG